အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ
30-Jan-2020
မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင်
အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။
ပဲတီစိမ်းအဖတ်
ပဲတီစိမ်းအဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့်
ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန်ကြာရှည်
လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။
ဝက်အူချောင်း
ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့တွဲပြီး စားသောက်ရင် အသည်းကို
ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
အသားကင်
အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့
ဓါတ်ပစ္စည်းတစ်မျိုး ပေါ်ထွက်တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့
သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ
သွေးကြောထဲကို အလွယ်တကူ ဝင်လာစေနိုင်ပါတယ်။
Credit: Sky Boys Group
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
