Print

သင့်အတွေးများကြောင့် ဖြစ်ပေါ်လာသော သင့်ကျန်းမာရေး

  01-Feb-2020
Preview Image

လူတိုင်း နေ့စဉ်နဲ့အမျှ အချိန်တိုင်းလိုလိုမှာ အတွေးကိုယ်စီရှိကြပါတယ်။ အဲဒီအတွေးအခေါ်တွေက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ သင်သိပါရဲ့လား။


စိုးရိမ်သောကများကို တွေးတောခြင်းကြောင့်

ဖြစ်နိုင်ခြေ - အစာအိမ်နာခြင်း

စိုးရိမ်သောကဖြစ်တာက ခန္ဓာကိုယ်ရဲ့ တချို့နေရာတွေပေါ် သီးခြားသက်ရောက်မှု ရှိပါတယ်။ စိုးရိမ်သောကတွေ ခံစားရတဲ့အခါ အစာစားချင်စိတ် မရှိတာ၊ ညဘက် အိပ်မပျော်တာ စတာတွေကြောင့် အစာအိမ်နာတာကို ခံစားရတာပါ။ တချို့တွေ မှာ ခြေထောက်နာကျင်မှု ခံစားရတာမျိုး ဖြစ်တတ်ကြပါတယ်။

မျိုသိပ်ထားသော ဒေါသများကို တွေးတောခြင်းကြောင့်

ဖြစ်နိုင်ခြေ - ခေါင်းကိုက်ခြင်း

တချို့အခြေအနေတွေမှာ စိတ်ဆိုးဒေါသထွက်ပေမယ့် မျိုသိပ်လိုက်ရတာကြောင့် ခေါင်းကိုက်တာ ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ တင်းထားတာကြောင့် ကြွက်သားတွေလည်း တင်းအားများလာတဲ့အပြင် ဝမ်းချုပ်တာလည်း ဖြစ်နိုင်ပါတယ်။ မကြာခဏ ဒေါသတွေ မျိုသိပ်ရပါများရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။

ရုတ်တရက်ဒေါသပေါက်ကွဲထွက်ခြင်းကြောင့်

ဖြစ်နိုင်ခြေ - နှလုံးတိုက်ခိုက်ခံရခြင်း

ဒေါသတွေ မျိုသိပ်ရပါများတာကြောင့် ကျန်းမာရေး ထိခိုက်နိုင်လာသလို အဲဒီမျိုသိပ်ထားရတဲ့ ဒေါသတွေ ရုတ်တရက် ပေါက်ကွဲထွက်တဲ့အခါမျိုးမှာ နှလုံး တိုက်ခိုက် ခံရနိုင်ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းကို တွေးတောနေတာကြောင့် နှစ်အနည်းငယ် ကြာတဲ့အခါ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်လာတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အကောင်းမြင်စိတ်ဖြင့် တွေးတောခြင်းကြောင့်

ဖြစ်နိုင်ခြေ - ဖျားနာမှုကင်းဝေးခြင်း

အကောင်းမြင်စိတ်ရှိသူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသလို လုပ်ဆောင်မှုတိုင်းလည်း အောင်မြင်မှုတွေ ရရှိတာကို တွေ့ရပါတယ်။ အကောင်းမြင်စိတ် ရှိသူတွေဟာ ပျော်ရွှင်သူတွေဖြစ်ကြပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြပါတယ်။ အကောင်းမြင်စိတ်နှင့် တွေးတောတတ်သူတွေဟာ သွက်လက်တက်ကြွစွာ လုပ်ဆောင်တတ်ကြပြီး ဖျားနာမှုတွေလည်း ကင်းဝေကြပါတယ်။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18