အစာအိမ်အနာ
02-Feb-2020
အတော်များများသိကြတဲ့ အစာအိမ်အနာဆိုတာ တကယ်တမ်း ခွဲကြည့်ရရင်တော့
အစာအိမ်မှာဖြစ်တဲ့ အစာအိမ်အနာ Gastric Ulcer နဲ့ အစာအိမ်နဲ့
အူလမ်းကြောင်းမှာဖြစ်တဲ့ Peptic Ulcer ဆိုပြီးခွဲခြားနိုင်ပါတယ်။ အစာစားချိန်
မမှန်တာတွေ အစားအသောက် မဆင်ခြင်မှုတွေနှင့် အပူအစပ်အရက်တွေကို
အမြဲစားသုံးနေခြင်းကနေတဆင့် အစာအိမ်အချဉ်ပေါက် ဗိုက်အောင့်ဗိုက်အပြင်
အနာဖြစ်တဲ့အဆင့်ထိပါ ဖြစ်လာနိုင်ပါသည်။
အခြေအနေက ပိုဆိုးလာရင်တော့ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ စတဲ့ ဝေဒနာတွေကို
ဖြစ်စေနိုင်ပါတယ်။ ဝမ်းခဏခဏသွားတာ၊ သွားတဲ့ဝမ်းထဲမှာ သွေးနဲ့ အချွဲပါတာတွေကို
ဖြစ်စေတတ်ပါတယ်။ တချို့လူတွေမှာ ငရုတ်သီးကို နည်းနည်းပဲစားရင်တောင်
ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်တာတွေဖြစ်တာက ငရုတ်သီးနဲ့ မတည့်လို့ပါ။
အဲဒီအခြေအနေကို Allergic Condition လို့ခေါ်ပြီး ဒီလိုလူတွေအနေနဲ့ ငရုတ်သီးကို
တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ နေ့စဉ်ဆိုသလို ငရုတ်သီးစားလွန်းသူ၊
စားနှုန်းများတဲ့သူတွေကတော့ ဝမ်းမလျှောတော့ဘဲ ဝမ်းချုပ်တာမျိုးကိုတောင်
ဖြစ်စေနိုင်ပါတယ်။
လိပ်ခေါင်းရောဂါ ရှိတဲ့သူတွေမှာဆိုရင် ငရုတ်သီးအစားများတာကြောင့်
ဝမ်းပိုချုပ်စေနိုင်ပြီး ရောဂါအခြေအနေ ပိုဆိုးတတ်ပါတယ်။ ငရုတ်သီးစိမ်းမှာ
ကျန်းမာရေးအတွက် ကောင်းကျိုးတွေလည်း၇ှိပါတယ်။ ငရုတ်သီးစိမ်းမှာ
အင်တီအောက်ဆီးဒင့်နဲ့ Capsaicin တွေပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို
လျှော့ချစေပါတယ်။ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ နှလုံးကို ကျန်းမာစေတယ်။
နုပျိုစေတယ်။ စသဖြင့် သုတေသနတွေက ဖော်ပြထားပေမယ့် ဘယ်လောက်ပမာဏ စားရင် ကောင်းတယ်
ဆိုတာကိုတော့ အတိအကျမသိသေးပါဘူး။
Credit : နေရည်ချို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
