သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ
05-Feb-2020ကမ္ဘာတဝန်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့
ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာဖြစ်စေ၊
အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှဖြစ်စေ သံလွင်ဆီရဲ့
အာနိသင်ဟာ သူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
-အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊
သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။
-သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။
-ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်းလတ်ဆတ်သော
ဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်းသက်သာစေပါတယ်။
-အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့်
ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။
-သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက်
ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
-ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင်
သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။
-ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင်
အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။ ဝမ်းမီးအပူအပုပ်အချွဲများကို
ဖယ်ရှားခြင်း၊ ဝမ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူ
ရောင်ရောဂါများကို ကုသပျောက်ကင်းနိုင်ပါတယ်။
-အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့
ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ်
အသုံးပြုနိုင်ပါတယ်။
-သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး
ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ
အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။
-အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ဝမ်းဗိုက်အားလိမ်းပေးပါက
ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာဖြစ်တတ်သော အရေပြားယားယံခြင်းများကို
အထူးပျောက်ကင်းစေပါတယ်။
Credit: ဒေါက်တာအောင်နိုင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။