ဖို၊ မ ဆက်ဆံခြင်းနှင့် နှလုံးရောဂါ
15-Feb-2020
ဆက်ဆံမှုတစ်ကြိမ်ပြုလုပ်မှုသည် အင်အားဓာတ် ကယ်လိုရီ ၂၀၀ ကို လောင်ကျွမ်းစေသည်။
ယင်းသည် ခပ်သွက်သွက် မိနစ်သုံးဆယ်ခန့် ပြေးသည်နှင့် တူသည်။ ဆန္ဒမြင့်မားမှု
အထွဋ်အထိပ်ရောက်ချိန်တွင် အောက်ဆီတိုဂျင် ဟော်မုန်းတို့ကြောင့်
နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်သည် မူလကထက် နှစ်ဆဖြစ်လာသည်။ ထိုအချက်သည်
အေရိုးဗစ်ကစားခြင်း တစ်ခုခုကဲ့သို့ နှလုံးရောဂါကို ကာကွယ်နိုင်သည်ဟု
သုတေသီတို့က ဆိုကြသည်။ ယေဘုယျအားဖြင့် တစ်မိုင်ခန့် လမ်းလျှောက်ခြင်း
စက်ဘီးစီးခြင်းတို့နှင့် တူညီသည်ဟု ဆိုနိုင်ပါသည်။
၁၉၈၀ ပြည့်နှစ်က အင်္ဂလန်ပြည် ဝေလနယ်တွင် လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင်
နှစ်ကြိမ်နှင့်အထက် ဆက်ဆံသူ အမျိုးသားတို့သည် နည်းသူတို့ထက် နှလုံးရောဂါရရှိမှု
ထက်ဝက်မျှ လျော့နည်းကြောင်း တွေ့ရပါသည်။ မောင်နှင့်မယ်တို့
ထိုသို့ နှစ်ကိုယ်ယှဉ် နေထိုင်တတ်မှုသည် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း
ပညာရှင်အများစုက ယုံကြည်လက်ခံကြသည်။ ဇနီးမယားအပေါ် သစ္စာရှိရှိ လက်တွဲမပျက်
ပေါင်းသင်းလေ့ရှိသည့် ခင်ပွန်းတို့မှာ ခင်ပွန်းကောင်းဖြစ်ပြီး
သစ္စာဖောက်ပြားသူတို့ထက် ပိုမိုကျန်းမာ သန်စွမ်းခွင့်ရကြမည် ဖြစ်ပါသည်။
ဆက်ဆံမှုတွင် တက်စတိုစတီရုန်း ဟော်မုန်းအပြင် Dehydroepiandrostone DHEA
ဟော်မုန်းတို့ကလည်း လှုံ့ဆော်အားပေးကြရာ ထိုဟော်မုန်းနှစ်မျိုးစလုံးတို့သည်
နှလုံးရောဂါရရှိနိုင်မှု တို့အတွက် အကာအကွယ်ပေးရုံသာမက နှလုံးရောဂါရရှိသည့်တိုင် နှလုံးကြွက်သားတို့
ကြံ့ခိုင်ရေးအတွက် အထောက်အကူပြုကြသည်ဟု သိရသည်။ ထို့ကြောင့်
နှလုံးရောဂါရှင်များအား သင့်တင့်သော မောင်နှင့်မယ် ဆက်ဆံခွင့်ကို နှလုံးအထူးကု
ဆရာဝန်များက ခွင့်ပြုထားခြင်း ဖြစ်ပါသည်။
Credit : ဒေါက်တာမြင့်သန်း
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

