Print

Xerostomia (ခံတွင်းခြောက်သွေ့ခြင်း)

  16-Feb-2020
Preview Image

ပုံမှန်အားဖြင့် အလွန်အမင်းကြောက်ရွံ့ချိန်နှင့် ရေဓာတ်ခမ်းခြောက်ချိန်တို့တွင် အာခံတွင်းခြောက်သွေ့တတ်ကြသည်။ သို့သော် အမြဲတစေ ခံတွင်းခြောက်သွေ့တတ်ခြင်းမှာ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်နှင့် ပြသ၍ အကြောင်းရင်းကို ရှာဖွေရန်လိုအပ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

တံတွေး အထွက်နည်းခြင်းကြောင့် ခံတွင်းခြောက်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ရေဓာတ်ခမ်းခြောက်ချိန်နှင့် စိတ်ရှုပ်ထွေးချိန်၊ ကြောက်ရွံ့ချိန်တို့တွင် ခံတွင်းခြောက်လေ့ရှိသည်။

ရောဂါအနေဖြင့်
- စိတ်ကျရောဂါပျောက်ဆေးများ၊ ဆီးဆေးများနှင့် ယားယံမှုကိုသက်သာစေသော ဆေးများ (antihistamine) သောက်ခြင်း
- နှာခေါင်းပိတ်၍ အသက်ရှူမရခြင်းကြောင့် ပါးစပ်ဖြင့် အသက်ရှူရခြင်း
- ဆီးချိုသွေးချို မထိန်းနိုင်ခြင်း
- ရောဂါတစ်ခုခုကြောင့် ဦးခေါင်းနှင့် လည်ပင်းကို ဓာတ်ရောင်ခြည်ပြနေရခြင်း
- မိမိ၏ကိုယ်ခံအားစနစ်က တံတွေးဂလင်းကို ပြန်လည်တိုက်ခိုက်ခြင်း (Sjogren’s syndrome) တို့ကြောင့် ခံတွင်းခြောက်သွေ့နိုင်သည်။

နောက်ဆက်တွဲ ဆိုးကျိုးများ

တံတွေးသည် ခံတွင်းကျန်းမာရေးတွင် အဓိကဖြစ်ရာ တံတွေးမထွက်ခြင်း၊ သို့မဟုတ် တံတွေးထွက်နည်းခြင်း တို့ဖြစ်ပါက
- ပါးစပ်အတွင်း ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊
- နှုတ်ခမ်းများ ခြောက်သွေ့ခြင်း
- ခံတွင်းနံ့ဆိုးများ ထွက်ခြင်း
- အရသာကို မသိခြင်း၊ သို့မဟုတ် ပါးစပ်ခါးခြင်း
- မကြာခဏဆိုသလို ပါးစပ်တွင်း အနာပေါက်ခြင်း (Oral thrush)
- သွားနှင့် သွားဖုံးများပျက်ဆီးခြင်း
- စကားပြောရာ၊ အစာစားရာ နှင့် မျိုချရာတွင် ခက်ခဲခြင်းများ ဖြစ်နိုင်သည်။

ကုသခြင်း

ခံတွင်းခြောက်သွေ့ခြင်း ဖြစ်စေသော အကြောင်းရင်းကို ဦးစွာရှာဖွေရမည်။
- ဆေးများသောက်သံုံးနေခြင်းကြောင့် ဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဆေးပမာဏကို လျှော့ချခြင်း၊ အလားတူဆေးများကို ပြောင်းလဲခြင်းတို့ ြ့ပုလုပ်သင့်သည်။
- နှာခေါင်းပိတ်ခြင်းကြောင့် ဖြစ်ပါက နှာခေါင်းပိတ် သက်သာစေသော normal saline များထည့်ခြင်း၊ decongestants များထည့်ခြင်းတို့ကို ပြုလုပ်သင့်သည်။
- ဆီးချိုသွေးချို မထိန်းခြင်းကြောင့် ဖြစ်ပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆီးချိုသွေးချို ထိန်းခြင်း တို့ကို ပြုလုပ်ရမည်။

ခံတွင်းခြောက်သွေ့ခြင်းကို သက်သာစေရန်
- ရေအေးနှင့် အချိုရည်မဟုတ်သော အရည်များကို မကြာခဏ သောက်ပေးခြင်း
- တံတွေးထွက် များစေရန် သကြားမပါသော ပီကေဝါးပေးခြင်းနှင့်
- ရေခဲတုံးလေးများ ငုံခြင်းတို့ ပြုလုပ်နိုင်သည်။
- အရက်နှင့်အရက်ပါဝင်သော အစာများ၊ ကော်ဖီနှင့် ဆေးလိပ်တို့ကို ရှောင်ကြဉ်ရမည်။
အထက်ပါနည်းများဖြင့် မသက်သာပါက ဆရာဝန်နှင့်တိုင်ပင်ပြီး တံတွေးအစားထိုး spray, gel နှင့် ငုံဆေးများကို ထမင်းမစားမီနှင့် စားနေချိန် အပါအဝင် လိုအပ်လျှင် လိုအပ်သလို သုံးစွဲနိုင်ပါသည်။ ခံတွင်းခြောက်သူများမှာ ခံတွင်းရောဂါပိုးများ အဝင်လွယ်သောကြောင့် ခံတွင်းသန့်ရှင်းရေးကို အထူးဂရုပြုရန်လိုအပ်ပါသည်။

Credit : Lei



သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18