အပြင်ကမြင်ရသော ခန္ဓာကိုယ်တွင်းသွေးယိုခြင်း(Internal Bleeding, Visible)
19-Feb-2020
ခန္ဓာကိုယ် ရင်ခေါင်းနှင့် ဝမ်းဗိုက်အတွင်းမှ အင်္ဂါများ ဒဏ်ရာရသောအခါ ပုံမှန်အားဖြင့်
အပြင်မှမမြင်ရပေ။ သို့သော်တစ်ခါတစ်ရံ ထိုသို့ထွက်နေမှန်း အပြင်မှမြင်ရ၏။
ဥပမာ -
(၁) အူမှာဒဏ်ရာရလျှင် စအိုမှသွေးယို၏။
(၂) အဆုတ်မှာ ဒဏ်ရာရလျှင် သွေးအန်၏။ ရဲရဲနီ။
(၃) ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းမှာ ဒဏ်ရာရလျှင်၊ ယင်းမှသွေးထွက်လျှင်
ဆီးထဲသွေးပါ၏။ ကျင်ချောင်းမှသွေးဆင်း၏။
(၄) ဦးခေါင်းမှာ အတွင်း၌ဒဏ်ရာရလျှင် နှာခေါင်းသို့မဟုတ် နားမှသွေးယို၏။ ထွက်၏။
(၅) မိန်းမတွင် မွေးလမ်းကြောင်းမှ သွေးထွက်လျှင် ယောနိမှ သွေးထွက်၏။
ထိုသို့ဖြစ်လျှင်
(၁) လူနာပြောသည်ကို အသေအချာနားထောင်ပါ။
(၂) မည်သို့ဒဏ်ရာရသည်။ ဖြစ်သည်ကိုသေချာအောင်မေးပါ။
လူတစ်ယောက်မှာ တစ်ခါကဝမ်းဗိုက်တွင် လက်သီးထိုးခံရရာ အစာအိမ်ကွဲ၍ သွေးအန်ပါသည်။ ထို့အတူ
လင်ဖြစ်သူက မိန်းမကိုယ်ကန်ရာ မိန်းမ၏သားအိမ်ကွဲ၍ ယောနိမှသွေးထွက်၏။ ချက်ချင်း
ချက်ချင်းဗိုက်ခွဲကာ ကုသခြင်းဖြင့် အသက်ရှင်သွားပါသည်။
(၃) ဦးခေါင်းဒဏ်ရာရသူများကို မျက်စိ၊ နား၊ နှာခေါင်းတို့မှ သွေးထွက်မထွက်
သေချာကြည့်ပါ။
(၄) အတွင်းမှသွေးထွက်နေသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
(Sign of Internal Bleeding)
(က) ဒဏ်ရာရသော နေရာမှနာကျင်ခြင်း
(ခ) ဝမ်းဗိုက်မှာဖြစ်က ရောင်ရမ်းခြင်း
(ဂ) အော့အန်ခြင်း
(ဃ) ဖျော့၍အေးစက်သော အရေပြားရှိခြင်း
(င) အသက်ရှူမဝခြင်း
(စ) ရေအလွန်ငတ်ခြင်း
(ဆ) သတိမေ့မျောခြင်း
(၅) ဦးခေါင်းဒဏ်ရာရလျှင် အောက်ပါလက္ခဏာများပြသည်။
(က) ခေါင်းမူးခြင်း
(ခ) သတိမေ့ခြင်း
(ဂ) စိတ်ဇဝေဇဝါဖြစ်ခြင်း
(ဃ) သတိမရတချက်ရတစ်ချက်ဖြစ်ခြင်း
(င) ဦးခေါင်းအပြင်မှာ ဒဏ်ရာရှိခြင်း
(စ) အော့ခြင်းအန်ခြင်း
(၆) ကုသမှု
(၁) လူနာနားမသွားမီ အန္တရာယ်ရှိမရှိစိစစ်ပါ။
(၂) ရဲကိုအကြောင်းကြားပါ (သို့) ဆရာဝန်လူနာတင်ကားမှာပါ။
(၃) လူနာမှာသတိရမရကြည့်ပါ။
(၄) လူနာကိုလှဲထားပါ။
(၅) လူနာကို စောင် (သို့) အဝတ်တစ်ခုခု ဖုံးထားပါ။
(၆) လူနာကို ခြေထောက်ပိုင်းကို ခေါင်းပိုင်းထက် မြင့်အောင်ထားပါ။
(၇) လူနာကို ဘာမှ မတိုက်ကျွေးပါနဲ့ ရေ၊ အစာဘာမှမပေးပါနှင့်။
(၈) လူနာကို အားပေးစကားပြောကြားပါ။
(၉) လူနာမှာ သတိမရပါက သူ့မျက်နှာကို ဘေးစောင်းထားပါ။
(၁၀) လိုအပ်က နှလုံးပြန်ခုန်အောင် ပြုလုပ်ပါ။ (Cardio Pulmonary Resuscitation
CPR)။
Credit : ဒေါက်တာမောင်မောင်ညို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
