Print

Jet Leg သို့မဟုတ် ဇီဝနာရီပြောင်းလဲခြင်းကို ဘယ်လိုရင်ဆိုင်ကြမလဲ

  27-Mar-2017
Preview Image

မိမိမူလနေထို်င်ရာအရပ်နှင့် ဒေသစံတော်ချိန် မတူညီသောနေရာများသို့ ခရီးသွားသူများတွင် နေ့နှင့်ည မှားသော ပြဿနာ (Jet lag) ကို ကြုံတွေ့ရတတ်သည်။

 

ဒေသစံတော်ချိန်မတူညီသော တစ်နေရာမှ တစ်နေရာသို့ ခရီးသွားပြီး တစ်ရက်နှစ်ရက်အတွင်းတွင်

 - ညဘက် အိပ်မပျော်ခြင်း၊ နံနက်တွင် အစောကြီးနိုးခြင်း

- နေ့ဘက်တွင် ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အကျွံ အိပ်ငိုက်ခြင်း

- လုပ်ငန်းဆောင်တာများတွင် အာရုံမစိုက်နိုင်ခြင်း

- မအီမသာဖြစ်ခြင်း

- စိတ်ဆိုးစိတ်တိုလွယ်ခြင်း စသော လက္ခဏာများကို ခံစားရတတ်သည်။

 

ဇီဝနာရီပြောင်းလဲခြင်း (Jet lag)သည် တစ်ရက်နှစ်ရက်သာ ကြာမြင့်တတ်ပြီး ပြန်လည်ကောင်းမွန်သွားတတ်သည်။ ခရီးမကြာခဏသွားနေရပြီး သွားတိုင်း ထိုအခြေအနေနှင့် ကြုံတွေ့နေရပါက ဆရာဝန်နှင့် သွားရောက်တိုင်ပင်သင့်ပါသည်။

 

ဇီဝနာရီပြောင်းလဲမှု (Jet Leg) ကို ကာကွယ်ဖို့ ဘာတွေလုပ်သင့်သလဲ။

- အလုပ်ကိစ္စတခုခုအတွက် ခရီးသွားပါက အလုပ်ကိစ္စ လုပ်ရမည့်ရက်ထက် အနည်းငယ် ကြိုတင်၍သွားပါ။

- ခရီးမသွားမီ အိပ်ရေးဝအောင် အိပ်ပါ။

- အနောက်မှ အရှေ့သို့သွားမည်ဆိုပါက ခရီးမသွားမီကပင် ယခင်ကထက် တစ်နာရီလောက် စောအိပ်သည့် အကျင့် ၊ အရှေ့မှ အနောက်ကို သွားမည်ဆိုပါက ယခင်ထက် တစ်နာရီ နောက်ကျ၍ အိပ်သည့်အကျင့် တို့ကိုပြုလုပ်ပေးပါ။

- အရှေ့သို့သွားပါက နံနက်ခင်းနေရောင်ထိတွေ့မှုကို ခံပေးခြင်း၊ အနောက်သို့သွားပါက ညနေခင်းနေရောင်နှင့် ထိတွေ့ခြင်းများ ပြုလုပ်ပေးပါ။ 

- ရေများများသောက်ပါ။

 

Dr.Genius( 7887 Healthcare Call Center)
Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18