စားဖိုမှူးတစ်ယောက် ကျန်းမာမှုစိတ်ဓာတ်အခြေခံပြီး ချက်ရန်လိုအပ်ပါသည်
26-Mar-2017
အသားကိုချက်တော့မည်ဆိုပါက ပါရှိသော အဆီကို လှီးထုတ်ရပါမည်။ ကြက်သားဆိုပါက အရေခွံကို ဖယ်ရှားရပါမည်။ ပေါင်းရမည်။ သို့မဟုတ် ကြော်မည်ဆိုပါက မွှေရင်းကြော်ရပါမည်။ သုံးသည့်ဆီမှာ မုန်ညင်းဆီ လာမျှကိုမရောသည့် ဟင်းသီးဟင်းရွက်မှထုတ်ထားသည့် အဆီဖြစ်ရပါမည်။
Over cooking ခေါ် လိုတာထက် ပိုမကျက်စေရန် သတိပြုရပါမည်။ တွဲဖက်ပြီးချက်ရသည့် အစားအစာများလည်း လက်ဆတ်ပါစေ။ ကြော်၍စားခြင်းရှောင်ပါ။ အစာထဲမှာ အဆီဓာတ်မပါရအောင် လှော်ပါ။ ကင်ပါ။ ဟင်းသီးဟင်းရွက်များ၊ ဗီတာမင်ဓာတ် မပျက်ရအောင် အခွံများနှင့်ချက်ပါ။ အသားထဲ အဆီမပါရအောင် မြင်သမျှအဆီများ လှီးထုတ်ပစ်ပါ။ အသားစားလိုပါက ကြက်သားနှင့် ငါးကိုသာ စားပါ။ ပရိိုတိန်းဓာတ်ရပါသည်။ စတူးနှင့် စွပ်များကို မီးအေးအေးနှင့် ချက်ပါ။ အဆီများကို ခပ်ထုတ်ပါ။ ဖြစ်နိုင်သရွေ့ လတ်ဆတ်သော ဟင်းချက်များကိုသာ ချက်ပါက အာဟာရအား ပို၍ရ၏။
Credit : ထင်အောင် (ကာယပညာတက္ကသိုလ် -ဂျာမနီ)
ကိုယ်စိတ်ကျန်းမာ နည်း (၁၀၀) စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

