Print

ခန္ဓာကိုယ်၏ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်သည့် အချက်များ

  31-Mar-2017
Preview Image

ခန္ဓာကိုယ်၏ခုခံအားစနစ်သည်လွန်စွာ အရေးကြီးပါသည်။ခုခံအားစနစ်မကောင်းလျှင် ခန္ဓာကိုယ်တွင်းသို့ရောဂါပိုးအလွယ်တကူဝင်နိုင်ပြီး မကြာခဏဆိုသလို ရောဂါဝေဒနာခံစားရနိုင်ပါသည်။ခုခံအားစနစ်ကောင်းမွန်စေရန်အောက်ပါအချက်များသည်အရေးကြီးပါသည်။


- တစ်ကိုယ်ရည်သန့်ရှင်းဖို့ အရေးကြီးပါသည်။ အထူးသဖြင့် လက်ကိုသန့်ရှင်းစင်ကြယ်စွာ ထားပါ။
- ရေများများသောက်ပါ။
- မနက်အစောပိုင်းနေရောင်ခြည်နဲ့ထိတွေ့ပေးပါက ဗီတာမင် ဒီ ရရှိကာ ခုခံအားကိုကောင်းမွန်စေရန် အထောက်အကူပေးပါသည်။
- အကောင်းမြင်တတ်သောစိတ်ထားထား၍ဘဝကိုပျော်ရွှင်စွာဖြတ်သန်းပါ။
- မနက်စာတွင် ငှက်ပျောသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကီဝီသီးနှင့်ဒိန်ချဉ် တို႕ကို သန့်ရှင်းစွာဖျော်၍သောက်သုံးပေးပါက ခုခံအားစနစ်ကိုကောင်းမွန်စေပါသည်။
- ဟင်းသီးဟင်းရွက်များ၊အသီးအနှံများတွင်ဗီတာမင်A,C,Eနှင့်အခြားသောသတ္တုဓာတ်များပါ    ဝင်သောကြောင့် စားသုံးပါက ခုခံအားကိုတက်စေပါသည်။
- ရယ်စရာဟာသကားများကြည့်ခြင်း၊စာအုပ်များဖတ်ခြင်းတို့ကိုပြုလုပ်ပေးပါ။


ရယ်မောခြင်းသည်သွေးလည်ပတ်မှုကောင်းစေခြင်း၊အစာကြေလွယ်ခြင်း၊စိတ်ဖိစီးမှုများကို လျော့ကျစေခြင်းတို့အပြင်ခန္ဓကိုယ်၏ခုခံအားစနစ်ကိုလည်းကောင်းမွန်စေပါသည်။

Credit : Top10 Homeremedies
Writer : Dr Toe



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18