Print

အိပ်မပျော်ခြင်း ကင်းဝေးစေရန်

  01-Mar-2020
Preview Image

၁။ အိပ်ရာဝင်ခါနီ လုပ်ရမယ့် လှုပ်ရှားဆောင်ရွက်မှုတွေကို ညစဉ်ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ အိပ်ရာဝင်ခါနီး ရေခပ်နွေးနွေး၊ ရေပန်းနဲ့ ရေချိုးတာမျိုး လုပ်ပေးနိုင်ပါတယ်။ အပန်းပြေစေတဲ့ ဂီတာနားထောင်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ အပန်းဖြေတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ အဲဒီလို လှုပ်ရှားဆောင်ရွက်မှုတစ်ခုခုကို ညစဉ်အိပ်ခါနီးအချိန်တိုင်းမှာ ညစဉ်ပုံမှန်လုပ်ပေးခြင်းအားဖြင့် မိမိရဲ့ခန္ဓာကိုယ်ဟာ အကျင့်ပါသွားပြီး အိပ်စက်ဖို့ အသင့်ဖြစ်သွားပါလိမ့်မယ်။

၂။ “အိပ်ချင်စိတ်” ပေါ်လာတဲ့အချိန်မှာ အိပ်ရာဝင်လိုက်ပါ။

၃။ အိပ်ရာဝင်ချိန်မှာ တီဗီမကြည်ပါနဲ့တော့။ တစ်ယောက်ယောက်နဲ့ စကားလက်ဆုံ ကျနေတာမျိုးလည်း မလုပ်ပါနဲ့။ တစ်ယောက်ယောက်နဲ့ ငြင်းခုံစကားများနေတာမျိုးလည်း မလုပ်ပါနဲ့။ အိပ်ရာဝင်ချိန်မှာ ဘာမှမလုပ်တော့ဘဲ အိပ်ရာဝင်လိုက်တာ အကောင်းဆုံးပါပဲ။ (အိပ်ရာဝင်ပြီး လိင်ဆက်ဆံမှု လုပ်တာကတော့ လုပ်နိုင်ပါတယ်။)

၄။ အိပ်ရာဝင်ချိန်မှာ အိပ်ခန်းမီးကို ပိတ်ပစ်လိုက်ပါ။

၅။ အိပ်ရာပေါ်မှာ လှဲလျောင်းပြီးနောက် အိပ်ဖို့ အသင့်ဖြစ်ပြီလို့ ကိုယ့်ကိုယ်ကိုယ် စကားပြောပါ။ ချက်ချင်းအိပ်ပျော်မသွားသေးရင် စိတ်ရောကိုယ်ပါ အနားယူဖြေလျှော့တဲ့ စိတ်လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။

၆။ ညဘက်မှာ တစ်ရေနိုးလာပြီး ပြန်အိပ်မပျော်ဖြစ်ရင် နာရီဝက်ထက်ပိုပြီး အိပ်ရာထဲ ဆက်လှဲမနေပါနှင့်။ ထပြီး တစ်ခုခုလုပ်လိုက်ပါ။ စာဖတ်တာဖြစ်ဖြစ် ဂီတသံနားထောင်တာဖြစ်ဖြစ် လုပ်ရင်အိပ်ချင်စိတ် ပြန်ပေါ်လာရင် ဝင်အိပ်လိုက်ပါ။

၇။ အိပ်ရာထချိန်ကို ပုံသေသတ်မှတ်ထားပါ။ ညကအိပ်မပျော်လို့ အစားထိုး အိပ်လိုက် ဦးမယ်ဆိုပြီး နောက်ကျမှ အိပ်ရာထတာမျိုး မလုပ်ပါနဲ့။ ခန္ဓာကိုယ်တွင်း ဇီဝနာရီကို ကမောက်ကမဖြစ်စေပါတယ်။

၈။ မိမိအိပ်ခန်းဟာ တခြားအသံတွေ ဆူညံနေတာကို မကာကွယ်နိုင်ဘူးဆိုရင် နားကျပ် တပ်ပြီးအိပ်ပါ။ နားကျပ်မရှိရင် ဂွမ်းဆို့ပြီးအိပ်ပါ။

၉။ အိပ်ဆေးတွေကို ရှောင်ကြဉ်ပါ။ အိပ်ဆေးသောက်ပြီး အိပ်တာဟာ ရေရှည်မှာ အကျိုး မရှိပါဘူး။

Credit : အောင်အေး 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18