Print

နွေရာသီတွင်အဖြစ်များသော ကျန်းမာရေးပြဿနာများ

  07-Apr-2017
Preview Image

(၁)အပူရှပ်ခြင်း (Heat Stroke)

ကိုယ်ခန္ဓာအပူချိန် ၁၀၄ဒီဂရီဖာရင်ဟိုက် (၄ဝဒီဂရီ ဆဲလ်စီးယပ်)ထိတက်လာသောအခါမျိုးတွင် အပူရှပ်တာမျိုးဖြစ်နိုင်ပါတယ်။ထိုသို ့အပူကြီးလာသည့်အချိန်မျိုးတွင် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ ချွေးခြောက်သွားခြင်း၊ပျို႔အန်ခြင်း၊အရေပြားများနီလာခြင်း၊အသက်ရှူမြန်လာခြင်း၊ခေါင်းကိုက်ခြင်းများခံစားရနိုင်ပါတယ်။ဖြစ်နိုင်သောအကြောင်းရင်းများကတော့ ရာသီဥတုအပူချိန်မြင့်လွန်းခြင်း၊  ပူအိုက်သောရာသီဥတုတွင် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း၊အဝတ်အစားအထပ်ထပ်ဝတ်ထားခြင်း၊ အရက်သောက်ခြင်း၊ ရေသောက်နည်းခြင်း၊ချွေးထွက်လွန်ခြင်းတို႔ဖြစ်ပါတယ်။အသက်အရွယ်ကြီးသူများ။ဆီးချိုရောဂါရှိသူများ၊ဆီးဆေး၊သွေးထိန်းဆေး၊ စိတ်ကျန်းမာရေးဆိုင်ရာဆေးများ သောက်နေရသူများ၊အလုပ်ကြမ်းလုပ်ရသူများတွင် အဖြစ်များပါသည်။အရေးပေါ်အခြေအနေဖြစ်ပါတယ်။အချိန်မှီ မကုသပါက ခန္ဓာကိုယ်ရှိ  ကိုယ်တွင်းအင်္ဂါများဖြစ်သည့် ဦးနှောက်၊နှလုံး၊ကျောက်ကပ်၊ ကြွက်သားများပျက်စီးပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ အပူကြီး၍ သတိမေ့မြောနေသောလူနာတစ်ယောက်ကိုတွေ႕႕ပါက အရင်ဆုံးလူနာကိုအရိပ်ရသည့်နေရာသို႔႔ရွှေ႔႕ပါ။လေအေးပေးစက်ဖွင့်ထားသောအခန်း၊ပန်ကာဖွင့်လို႕ရသည့်အခန်းတွင်းသို႕႕ရွှေ ႔ပါ။မရှိပါက သစ်ပင်အောက်သို႕႕ရွှေ႕႕ပါ။လူနာ၏ခြေထောက်ကိုမြင့်သည့်နေရာတွင်ထားပါ။ဝတ်ဆင်ထားသောအဝတ်အစားများကိုချွတ်ပြီးရေအေးဝတ်ဖြင့် နေရာအနှံ႕တိုက်ပေးပါ။သတိကောင်းပါက ရေချိုးချပါ။ကိုယ်ခန္ဓာအပူချိန်လျော့သည့်အထိ ရေပတ်တိုက်ပါ။


ထို႕႕နောက်လူနာကို နီးစပ်ရာဆေးခန်းသို႕ပို႕႕ဆောင်ပါ။


(၂)အပူနာကျခြင်း (Heat Exhaustion)

ကိုယ်ခန္ဓာအပူချိန် ၃ရဒီဂရီဆဲလ်စီးယပ်ထက်များလာသောအခါများတွင် ချွေးထွက်လွန်ခြင်း၊  ကိုယ်ခန္ဓာကြွက်သားများနာကျင်လာခြင်း ၊နှုံးချိလာခြင်း ၊ခြေလက်မသယ်ချင်ဖြစ်ခြင်း၊ မူးဝေလာခြင်း၊ပျို႔အန်ခြင်း၊သွေးပေါင်ကျခြင်းနှင့်  သတိလစ်ခြင်းများအထိဖြစ်ခြင်းကိုခေါ်ပါသည်။ဂရုမပြုဘဲထားပါကရက်အတန်ကြာသည့်အထိ ဖြစ်နိုင်ပါတယ်။အပူရှပ်ခြင်း (Heat stroke) ထိဖြစ်နိုင်ပါတယ်။  အရိပ်ရသည့်နေရာသို ့ချက်ချင်းသွားပါ၊လေအေးပေးစက်ဖွင့်ထားသည့်အခန်း၊ပန်ကာလေရသည့်အခန်းဖြစ်လျှင် ပိုကောင်းပါသည်။ပွပွချောင်ချောင်ချည်သားအိကျီင်္ကိုပြောင်းလဲဝတ်ဆင်ပါ။ ဓာတ်ဆားရည်သောက်ပါ။ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများကိုရှောင်ကြဉ်ပါ၊အရက်၊ဘီယာသောက်ခြင်းကို ရှောင်ကြဉ်ပါ ။ဆေးများကိုဆရာဝန်ညွှန်ကြားသည့် အတိုင်းသာသောက်သုံးပါ။


(၃)မိတ်ပေါက်ခြင်း (Heat Rash)

ပူအိုက်သောရာသီတွင် ချွေးထွက်သောဂလင်းများ၏အပေါက်များပိတ်ကုန်ပြီး အရေပြားတွင် အဖုအပိန်႔များအင်ပျဉ်ထွက်သလို ထွက်လာခြင်းဖြစ်သည်။အသက်အရွယ်မရွေးဖြစ်နိုင်သည်။ချွေးထွက်များသောနေရာများဖြစ်သည့် လည်ပင်း၊ပခုံး၊ရင်ဘတ်နှင့် ကျောဘက်တွင် အဖြစ်များသည်။ အရေပြားအတွန်႔အခေါက်ရှိသည့် နေရာများတွင်အဖြစ်များသည်။ အင်ပြင်ထွက်သကဲ့သို႔အနီပြင်လိုက်ပေါ်တတ်ပြီး တစ်ခါတစ်ရံ အရည်ကြည်ဖုလေးများဖြစ်နေတတ်သည်။ ချွေးထွက်လာသည့်အခါနှင့် နေပူထဲထွက်သည့်အခါများတွင် ယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းများ ခံစားရတတ်သည်။ကုပ်မိပါက လက်မှတစ်ဆင့်ဘက်တီးရီးယားပိုးဝင်ရောက်ပြီး ပြည်ဖုများအဖြစ်ပြောင်းသွားနိုင်ပါတယ်။ထိုအဖုသည် ရောင်ရမ်းနာကျင်ခြင်း၊ နီရဲနေခြင်း၊ချိုင်း၊လည်ပင်းနှင့် ပေါင်ခြံတို႔တွင်အကျိတ်များထွက်လာခြင်း၊ချမ်းတုန်ဖျားခြင်းများရှိလာလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါတယ်။ ပွပွချောင်ချောင် ချည်သားအဝတ်အစားများကို ဝတ်ဆင်ပါ။အရမ်းပူပြင်းသည့်အချိန်တွင်တတ်နိုင်သမျှ အိမ်ထဲတွင်နေပါ။ရေအေးနဲ႔႔ရေချိုးပါ။ပြီးလျှင် သဘက်ဖြင့်သုတ်ခြင်းမလုပ်ဘဲ ရေခြောက်သည့်အထိထားပါ။ အရမ်းယားသည့်အချိန်တွင် ကယ်လမင်းကရင်မ်လိမ်းပါ။ယားသည့်နေရာသို႔႔ရေအေးဝတ်ကပ်ထားပေးပါ။လိုးရှင်းများ၊အဆီများလိမ်းခြင်းကို ရှောင်ကြဉ်ပါ။ 


(၄)ခြေသလုံးကြွက်တက်ခြင်း(Heat cramps)

ပူအိုက်တဲ့ရာသီဥတုမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်မိသည့်အခါများတွင် ကြွက်သားများ (အထူးသဖြင့်ခြေသလုံးကြွက်သားများ) နာကျင်ကိုက်ခဲခြင်းဖြစ်သည်။ကိုယ်ခန္ဓာရှိဓာတ်ဆားဓာတ်များ  ဆုံးရှုံးသွားသောအခါမျိုးတွင် ဖြစ်တတ်သည်။ ထိုအခါမျိုးတွင် ဓာတ်ဆားဓာတ်များပါဝင်သည့် ဖျော်ရည်များကိုသောက်ရမည့်အစား ရေများများသောက်မိသည့်အခါမျိုးတွင် ပိုဆိုးတတ်ပါတယ်။ကြွက်တက်သည့်အခါ ပထမဆုံးလုပ်ဆောင်ရန်မှာ ချက်ချင်းအနားယူပြီး စိတ်အေးအေးထားပါ။ခြေထောက်ကိုဆန်႔ထုတ်ပြီး ခြေသလုံးကိုညင်သာစွာနှိပ်ပေးပါ။ရေအေးဝတ်ကပ်ပေးပါ။အခြားနေရာများနာကျင်ပါကလည်း ရေဝတ်ကပ်ပြီး နှိပ်နယ်ပေးပါ။ဓာတ်ဆားရည်သောက်ပါ။ပြင်းထန်သောလေ့ကျင့်ခန်းများကို ဆက်မလုပ်ပါနှင့်။


အထက်ပါအတိုင်းလုပ်ဆောင်ပြီးသည့်တိုင် နာကျင်မှုမသက်သာခြင်း၊မကြာခဏဖြစ်ခြင်း၊ကြွက်တက်ပြီးသည့်အခါ လမ်းပင်မလျှောက်နိုင်တော့ခြင်း၊ကြွက်တက်ခြင်းမှာ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် မဟုတ်ဘဲ အခြားအကြောင်းများကြောင့်ဖြစ်လျှင် ဆရာဝန်နှင့်ပြသသင့်ပါတယ်။


Dr Moon (Healthcare Call Center)

Ref; Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18