နှုတ်ခမ်းအသားပပ်ခြင်းအတွက် ရိုးရှင်းလွယ်ကူသော အိမ်တွင်းကုထုံးလေးများ
17-Mar-2020ဆာင်မှု
မရှိနိင်တော့ပါဘူး။
ဒါပေမယ့်
စိတ်မပူပါနှင့်။
အောက်ပါ
ရိုးရှင်းလွယ်ကူတဲ့
အိမ်တွင်းကုထုံးလေးများက
နှုတ်ခမ်း
၂-လွှာကို ပကတိအတိုင်း စိုအိချောမွေ ့စေနိုင်မှာ ဖြစ်ပါကြောင်း။
(၁) ရေပိုသောက်ပါ။ (လက်ရှိသောက်နေကျ ရေပမာဏထက် ၂-ဆ တိုး၍ သောက် ပါ။ ရေခဲရေ မသောက်ရ)
(၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို
့ကို
များများစားပေးပါ။
(၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့
ဗီတာမင် B2 ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။
(၄) သခွားသီး ပါးပါးလှီး၍ ကပ်ပေးပါ။
(၅) ကော်ဖီ၊ လ္ဘက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို
အအေးခံ၍
သောက်ပါ။ (အကယ်၍ ထိုအရည်ပူပူများကို
စတီးလ်
ခွက်၊
ဒန်ခွက်၊
စတီးလ်ဇွန်းတို
့ဖြင့်
နှုတ်ခမ်းေ
တ့၍
သောက်မိတဲ့အခါ
ဝေဒနာများ
ပိုမိုဆိုးရွားလာစေပါလိမ့်မယ်)
(၆) အသားလှဆီ (သို့မဟုတ်) သကြားရည် (သို့မဟုတ်) နှင်းဆီရည် လိမ်းနိုင်ပါတယ်။ (နှင်းဆီရည် (ခေါ်) rose water ကို အလှကုန် ပစ္စည်းအရောင်းဆိုင်တွေမှာ
ဝယ်ယူ
ရရှိနိုင်ပါတယ်)
(၇) အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ (သို့မဟုတ်) ကြက်ဆူဆီ (သို့မဟုတ်) မုန်ညင်းဆီ လိမ်းပေးပါ။
(၈) ဗီတာမင်အီး အဆီဆေးလုံး ဖေါက်၍လိမ်းပါ။ (ထိုဆေးလုံးလေးတွေကို
အလှကုန်
ပစ္စည်းအရောင်းဆိုင်တွေမှာ
ဝယ်ယူရရှိနိုင်
ပါတယ်)
(၉) ပျားရည်(သို ့မဟုတ်)ရှားစောင်းလက်ပပ်
ဂျယ်လီအနှစ်လိမ်းပါ။
(၁ဝ) နွားနို ့ကရင်မင် လိမ်းပေးပါ။
(၁၁) နေမထိ ပါစေနှင့်။
(၁၂) လေစိမ်း တိုက်မခံပါနှင့်။
(၁၃) မကြာခဏ တံတွေးဆွတ်ခြင်းကလည်း
နှုတ်ခမ်းသားခြောက်သွေ့ခြင်းကို
ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
(၁၄) နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင် နှုတ်ခမ်းဆိုးဆေး လုံးဝမသုံးသင့်ပါဘူး။ (သက်တမ်းကြာ ဆိုဆေးများနှင့် ကာဗွန်ဓာတ်ပါဝင်မှုများသော
ဆိုးဆေးအရောင်ရင့်ရင့်တွေက
ဝေဒနာကို
ပိုမိုဆိုးရွားလာစေနိုင်လို
့
အထူးသတိပြုပါ)
(၁၅) ဝေဒနာမပျောက်ခင်မှာ၊
မဖြစ်မနေ
နှုတ်ခမ်းဆိုးဆေးသုံးချင်ပါက
အရောင်မပါတဲ့
နှုတ်ခမ်းဆိုးဆေးအဆီကိုသာ
ရွေးချယ်ပေးပါ။
(၁၆) နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို
လက်ဖြင့်ဆွဲဖဲ့ခြင်း၊
သွားနှင့်ကိုက်ခြင်း
မျိုးတွေမလုပ်ပါနှင့်။
ပို၍
အဖတ်လန်လာ
နိင်တဲ့အပြင်၊
အသားစစိုက်ပြီး
သွေးထွက်တတ်ပါတယ်။
(၁၇) အရေပြား ဆဲလ်တွေသေခြင်းကြောင့်
နှုတ်ခမ်းသားတွေ
အဖတ်လန်
လာရပါတယ်။
နောက်ထပ်ဆဲလ်တွေ
မသေနိုင်အောင်
ကြိုတင်ကာကွယ်သည့်အနေဖြင့်
သွားတိုက်တံသုံး၍
နှုတ်ခမ်းပေါ်
ခပ်ဖွဖွပွတ်တိုက်ပေးပါ။
အလှအပမြတ်နိုးသူတိုင်း
လှသထက်ပို၍
လှနိုင်ကြပါစေရှင်။
Credit : ပေါက်ပေါက်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။