အနီရောင် စပျစ်သီးနှင့် အစိမ်းရောင် စပျစ်သီး ဘာကွာခြားသလဲ
18-Mar-2020- ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အနီရောင်စပျစ်သီးမှာ
များစွာပါဝင်ပေမယ့် အစိမ်းရောင်စပျစ်သီးမှာ အနည်းငယ်သာ ပါဝင်ပါတယ်။
- ကယ်လိုရီပါဝင်မှု ပမာဏဟာ အစိမ်းရောင်စပျစ်သီးမှာ
အနီရောင်စပျစ်သီးထက် အနည်းငယ်ပိုမြင့်မားပါတယ်။
- အန်သိုဆိုင်ရာနင် ပမာဏဟာ အနီရောင်စပျစ်သီးမှာ
မြင့်မားစွာ ပါဝင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ အနည်းငယ်သာ ပါဝင်ပါတယ်။
- အနီရောင် စပျစ်သီးမှာ ရီဗက်စထရော၊
ကတ်တချင်နဲ့ ကွာစီတင်လိုမျိုး ဖလေဗိုနွိုက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ
ပါဝင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ ကတ်တချင် တစ်မျိုးတည်းသာ ပမာဏ အနည်းငယ်
ပါဝင်ပါတယ်။
- အနီရောင်စပျစ်သီးဟာ သွေးဖိအားကို
ကျဆင်းစေနိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာမူ မကျဆင်းစေနိုင်ပါ။
- အနီရောင် စပျစ်သီးက နှလုံးရောဂါဆိုင်ရာ
ပြဿနာတွေကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ကိုလက်စထရောတွေကို
ကာကွယ်ထား နိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးကတော့ မပြုလုပ်နိုင်ပါ။
- အနီရောင် စပျစ်သီးမှာပါဝင်တဲ့ ရီ
ဗက်စထရောဟာ အယ်လ်ဇိုင်းမားရောဂါကို ကုသဖို့ ကူညီနိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးကတော့
မပြုလုပ်နိုင်ပါ။
- အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ ရီဗက်စထရောဟာ
မှိုရောဂါနဲ့ ကင်ဆာရောဂါကို ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိ ရှိပေမယ့် အစိမ်းရောင်
စပျစ်သီးမှာ ရီဗက်စထရော မပါဝင်ပါ။
- အနီရောင် စပျစ်သီးမှာပါဝင်တဲ့ ကွာစိတင်ဟာ
ဓာတ်မတည့်မှုကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဓာတ်မတည့်မှုပြဿနာအမျိုးမျိုးကို
ကုသနိုင်ပြီး အစိမ်းရောင်စပျစ်သီးမှာမူ ကွာစိတင် မပါဝင်ပါ။
- အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့
အန်သိုဆိုင်ဆိုင်ရာနင်ဟာ ရောင်ရမ်းမှုကို လျော့ကျနိုင်တဲ့ ဂုဏ်သတ္တိရှိပေမယ့်
အစိမ်းရောင် စပျစ်သီးမှာ အန်သိုဆိုင်ရာနင် မပါဝင်ပါ။
- ဒါကြောင့်မို့ အနီရောင်စပျစ်သီးဟာ
အစိမ်းရောင် စပျစ်သီးထက် အာဟာရ တန်ဖိုးပိုမိုမြင့်မားပါတယ်။
Credit : Ko Zar Sat Khin