Print

ဆီးခုံပိုင်းနာခြင်း (Suprapubic Pain)

  18-Mar-2020
Preview Image

ချက်၏ အောက်၊ တင်ပဆုံကွင်း ရှေ့ဆုံ (Pubic Symphysis) အထက်မှာ နာလျှင် အရေးပေါ်ဖြစ်သည်။ ယင်းသို့ နာစေသော အကြောင်းများ (သို ) ရောဂါများမှာ အောက်ပါအတိုင်းဖြစ်သည်။

() ဆီးချက်ချင်း သွား၍ မရခြင်း၊ ဆီးအိမ် ပိတ်ခြင်း
() ကျဉ်ချောင်း ပိတ်ခြင်း
() ဆီးအိမ်ကင်ဆာ
() ဆီးအိမ်ထဲ ကျောက်ရှိခြင်း
() ကျောက်ကပ်ကျောက် ဆီးအိမ်ထဲ ကျလာခြင်း
() ဆီးအိမ် အနာဖြစ်ခြင်း
() ဆီးအိမ် ဒဏ်ရာရခြင်း
() ဝမ်းချုပ်ခြင်း
() မိန်းမတွင် မျိုးဥကင်ဆာ
(၁၀) ကျောက်ကပ်ရောင်ခြင်း (Pyelonephritis)

အရေးပေါ်ကုသမှု

() လူနာကို နှစ်သိမ့်ပါ။ အားပေးစကား ပြောပါ။
() အိပ်ရာပေါ်မှာ ထားပါ။
() ဘာမျှ မကျွေးပါနှင့်။
() ဆီး၊ ဝမ်း၊ ယောနိမှ ထွက်သမျှကို ခံထားပါ။ မှတ်ပါ။
() ပါးစပ်မှ ဘာမျှ မကျွေးပါနှင့်။
() အနာ အကျက်ပျောက်ဆေး ဥပမာ Buscopan သို့မဟုတ် ဗေလီယံ (Valium) ကျွေးနိုင်ပါသည်။
() နာသောနေရာကို ရေနွေးအိတ် ကပ်ပါ။ သို့မဟုတ် လင်နင်မင်၊ အပူလိမ်းဆေး ဥပမာ ပရုပ်ဆီ သို့မဟုတ် Flanil Cream လိမ်းပါ။
() အဖျားရှိ မရှိ တိုင်းပါ။
() မိန်းမဆိုက ကိုယ်ဝန် ရှိ မရှိ မှတ်သားပါ။
(၁၀) မိန်းမ၏ အပြင် လိင်အင်္ဂါများမှာ ရောဂါလက္ခဏာရှိ မရှိ မေးပါ။
(၁၁) ယောကျ်ားဆိုတာ လိင်တံ၊ ကပ္ပာယ်အိတ်တို့မှ ရောဂါရှိ မရှိ မေးပါ။

Credit : ဒေါက်တာမောင်မောင်ညို

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18