HIV နှင့် AIDS ရောဂါသည်များတွင် ရေယုန်ပေါက်ခြင်း
20-Mar-2020
HIV / AIDS မှာ ဆင်ရေယုန်ဖြစ်ရင် အရမ်းပြင်းထန်တယ်။ အကြာကြီးလည်း ဖြစ်တတ်တယ်။ နေရာပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တယ်။ သာမန်အားဖြင့် အာရုံကြောတစ်ခုနဲ့ သက်ဆိုင်တဲ့ အရေပြားမှာသာ ဖြစ်လေ့ရှိပေမယ့် သူတို့မှာဖြစ်ရင် အာရုံကြော သုံးလေးခုလောက်ထိ ပျံ့နှံ့တတ်တယ်။ ဥပမာ - ဆိုပါစို့၊ ခါးမှာပေါက်တဲ့ ရေယုန်ဟာ သာမန်အားဖြင့်
တစ်ခြမ်းပါ
ထိတတ်တယ်။ HIV
/ AIDS မှာ
ကျတော့
ပြင်းထန်ပြီး
ဟိုဘက်ကျန်တဲ့
တစ်ခြမ်းပါ
ထိတတ်တယ်။
ဒါကြောင့် ရှေးလူကြီးသူမတွေ
ပြောတာမှန်တယ်လို့
ဆိုရမယ်။
ရေယုန်ခါးပတ်ရင်
သေတတ်တယ်ဆိုတာ
တကယ်တော့
ဆရာခုပြောတဲ့
ရေယုန်
အပြင်းစား
သွေးကတစ်ဆင့်
ပျံ့နှံ့ပြီးတော့
အဆုတ်၊
အသည်း၊
ဦးနှောက်
တို့ပါထိခိုက်တတ်တာကြောင့်
အသက်ဆုံးပါးသွားနိုင်ပါတယ်။ HIV/
AIDS မှာ
ရေယုန်ဖုလေးတွေဟာ
တစ်ကိုယ်လုံး
ပျံ့နှံ့ပြီး
ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်သွားတတ်လို့
Disseminated Herper လို့
ခေါ်ပါတယ်။ HIV /
AIDS မှာ
ပေါက်တတ်တဲ့
အပြင်းစား
ရေယုန်မျိုးဆိုရင်တော့
အစီကလိုဗာ
အကြောဆေးတွေအထိ
သုံးဖို့လိုနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ဆရာဝန်ညွှန်ကြား
တဲ့အတိုင်းပဲ
သုံးစွဲသင့်ပါတယ်။
Credit : ဒေါက်တာကျော်ကျော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
