Natural Childbirth သမားရိုးကျမွေးဖွားခြင်း
21-Mar-2020
ရိုးရိုးမွေးဖွားခြင်းဖြင့်
နာကျင်မှုဝေဒနာကို ခံစားရမည်ဖြစ်သော်လည်း ကိုယ်ဝန်နှင့် မွေးဖွားခြင်းအကြောင်းကို
ကောင်းစွာသိနားလည်ထားပြီး စိတ်ကိုအနားပေးသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးထားခြင်းဖြင့်
အနာပျောက်ဆေးများ၊ စိတ်ငြိမ်ဆေးများများစွာ
သုံးစွဲရန်မလိုဘဲ
ခံနိုင်ရည်ရှိနိုင်မည်ဟု လေ့လာတွေ့ရှိထားပါသည်။ ရိုးရိုးမွေးဖွားခြင်းတွင် မိခင်က
မကြောက်မရွံ့လေ၊ နာကျင်မှုဝေဒနာ သက်သာလေပင်ဖြစ်သည်။
ရိုးရိုးမွေးဖွားခြင်းတွင်
ဆရာတစ်ဆူဖြစ်သော Dick-Read ၏ အဆိုအရ ဆင်ခြင်တုံတရားရှိပြီး ကြောက်ရွံ့မှုကို
ဖြေဖျောက်နိုင်သော အမျိုးသမီးတိုင်း နာကျင်မှုမရှိသော ရိုးရိုးမွေးဖွားခြင်းကို
ရရှိနိုင်သည်ဆို၏။ ယခုအခါ ဗြိတိန်နိုင်ငံတွင် ၎င်း၏ နည်းလမ်းမှ
တီထွင်ဆန်းသစ်ခြင်းအနေဖြင့် မိခင်လောင်းတို့ကို စိတ်ရောကိုယ်ပါ ဖြေလျော့ အနားယူခြင်းများ
လေ့ကျင့်ပေးလျက်ရှိသည်။ အဓိက ရည်ရွယ်ချက်မှာ နာကျင်ချိန်တွင် အခြားသောခန္ဓာကိုယ်
ကြွက်သားများ ကျုံ့ဆန့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သားအိမ်မှ
နာကျင်မှုလျော့နည်းစေရန်
ဖြစ်သည်။
ပုံမှန်ရိုးရိုးမွေးဖွားခြင်းမှာ
နောက်ဆက်တွဲ ပြဿနာများ လုံးဝမရှိဟု မဆိုနိုင်ပါ။ ရိုးရိုးမမွေးနိုင်သဖြင့်
ခွဲစိတ်မွေးရခြင်း စသည်တို့ဖြစ်ပါသည်။ သို့သော် ၎င်းကို မိခင်အနေဖြင့်
ကိုယ့်အပြစ်ကြောင့်ဖြစ်ရသည်ဟု လုံးဝမထင်သင့်ပါ။ ယခုအခါတွင် ခေတ်ပေါ်နည်းများအရ
ခါးရိုးတွင် ထုံဆေးထိုးခြင်း (ဥပမာEpidural
Anaesthesia) ဖြင့်
မွေးဖွားချိန် တစ်လျှောက်လုံး နာကျင်မှုမရှိဘဲ မွေးဖွားနိုင်ပြီ ဖြစ်ပါသည်။
သို့ရာတွင် နာကျင်မှုမရှိသည့်အပြင် မွေးဖွားရန် ညှစ်အားလည်း လျော့နည်းတတ်သောကြောင့်
ညှပ်ဆွဲ၍ မွေးဖွားရသောနှုန်း ပိုမိုများပြားသည်ကိုလည်း တွေ့ရ၏။
Credit : ဒေါက်တာမေမိုးနွယ်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
