ပန်းနာရင်ကျပ်ရောဂါရှိ အမျိုးသမီးများ မျိုးအောင်နိုင်မှုပြဿဿနာများ ကြုံ...
21-Mar-2020
ပန်းနာရင်ကျပ်ရောဂါရှိသော
အမျိုးသမီးများသည် ကိုယ်ဝန်ရနိုင်ရန် အချိန်ကြာမြင့်နိုင်ပြီး အဆုတ်ရောဂါမရှိသော
အမျိုးသမီးများထက် ကိုယ်ဝန်ရနိုင် သည့်နှုန်း လျော့နည်းကြောင်း လေ့လာမှု အသစ်တစ်ခုက
ဖော်ပြသည်။
ယခုလေ့လာမှုတွင် အကြောင်းရင်းမသိရဘဲ
မျိုးအောင်နိုင်မှု ဆိုင်ရာပြဿဿနာ ကြုံတွေ့နေရပြီး မျိုးအောင်နိုင်အောင် ကုသမှု
ခံယူခဲ့ရသော အသက် (၂၃) နှစ်နှင့် (၄၅) နှစ်အကြား အမျိုးသမီး (၂၄၅) ဦးပါဝင်သည်။ ယင်းအမျိုးသမီးများအနက် (၉၅) ဦး၌ ပန်းနာရင်ကျပ်ရောဂါ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ယင်းအမျိုးသမီးများကို ၎င်းတို့အောင်မြင်စွာ
ကိုယ်ဝန်ဆောင်နိုင်သည့်အချိန်၊ ကုသမှုခံယူခြင်းရပ်တန့်လိုက်သည့်အချိန် (သို့မဟုတ်) လေ့လာမှုပြီးဆုံးချိန်အထိ
လေ့လာခဲ့ခြင်းဖြစ်သည်။ ပန်းနာရင်ကျပ်ရောဂါရှိသော အမျိုးသမီးများ ကိုယ်ဝန်ဆောင်နိုင်ရန်
အချိန် ၅၅ လနှင့် အထက်ကြာမြင့်တတ်ပြီး ပန်းနာရင်ကျပ် ရောဂါမရှိသော
အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နိုင်ရန် အချိန် ၃၂ လခန့်သာ ကြာမြင့်ကြောင်း
သုတေသီများက ပြောကြားသည်။
ပန်းနာရင်ကျပ်ရောဂါမရှိသော အမျိုးသမီးများ၏
၆ဝ ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်အလွယ်တကူဆောင်နိုင်လေ့ရှိပြီး ပန်းနာရင်
ကျပ်ရောဂါရှိသော အမျိုးသမီးများ၏ ၄ဝ ရာခိုင်နှုန်းသာ ကိုယ်ဝန်ဆောင်နိုင်လေ့ရှိကြောင်း
ယခုလေ့လာမှုက ဖော်ပြသည်။ ယင်းအုပ်စုနှစ်ခုကြား ကွာဟချက်မှာ အသက်ကြီးသည်နှင့်အမျှ
ပို၍ ကွာခြားသွားလေ့ရှိကြောင်း European Respiratory ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုအရ
သိရသည်။
ပန်းနာရင်ကျပ်ရောဂါက
မျိုးအောင်နိုင်မှုအပေါ် အနုတ်သဘောလွှမ်းမိုးမှုရှိပြီး ကိုယ်ဝန်ဆောင်နိုင်ရန်
အချိန်ကြာမြင့်လေ့ရှိကာ အသက်အရွယ်ကြီးရင့်လာပါက ပို၍ပင်ခက်ခဲကြောင်း သုတေသီများကပြောသည်။
ပန်းနာရင်ကျပ်ရှိသော အမျိုးသမီးများကို အသက်ငယ်ရွယ်စဉ်တွင် ကိုယ်ဝန်ဆောင်ရန် ဆရာဝန်များက
အကြံပေးသင့်ပြီး ကိုယ်ဝန်မဆောင်မီ ပန်းနာရင်ကျပ်ရောဂါကို
အရှိန်မြှင့်ကုသသင့်ကြောင်း သုတေသီများက ပြောသည်။
ထို့အပြင် ပန်းနာရင်ကျပ်ရောဂါသည်များကို
အသိပညာပေးရန်လည်း အရေးကြီးပြီး လူနာများအနေဖြင့် ယင်းဆက်စပ်မှုကို သိရှိထားပါက
ကုသရာတွင် ပို၍ အကျိုးသက်ရောက်မှုရှိနိုင်သည်ဟု သုတေသီများက ပြောသည်။ ယခုလေ့လာမှုက
ပန်းနာရင်ကျပ်ရောဂါနှင့် ကိုယ်ဝန်ဆောင်ရန်
ခက်ခဲမှုအကြား ဆက်စပ်မှုရှိကြောင်း ဖော်ပြထားသော်လည်း အကြောင်းရင်းနှင့်
ထိခိုက်မှုတို့ကို ဖော်ပြထားခြင်းမရှိပေ။
Credit : MNT
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
