မိန်းမကိုယ်အနံ့ဆိုး
27-Mar-2020မိန်းမကိုယ်တစ်ဝိုက်မှာ
အနံ့နည်းနည်းရှိတာ ပုံမှန်ပါ။ အဓိက က တစ်ကိုယ်ရည် သန့်ရှင်းရေး ကောင်းဖို့ပါ။ ရေ၊
ဆပ်ပြာနဲ့ နေ့စဉ်သန့်ရှင်းပေးမယ်၊ သန့်ရှင်းတဲ့အတွင်းခံဝတ်မယ် စတာတွေ အဓိကလိုအပ်ပါတယ်။
အမွှေးရနံ့ပါတဲ့ပစ္စည်းသုံးတာ၊ အမွေးအမှင် အများအပြားမရှိအောင် ပြုပြင်ထိမ်းသိမ်းတာ၊
စုပ်ယူမှုကောင်းတဲ့ လှလှချောင်ချောင် အတွင်းခံဝတ်တာတွေက ပိုမိုအထောက်အကူ ပြုပါတယ်။
အတွင်းခံ ခွကြားမှာ ချည်သားဖြစ်သင့်ပါတယ်။
ဒါနဲ့မှမရဘူး။ သိသာထင်ရှားတဲ့အနံ့ (သို့) အရည်ဆင်းတာမျိုးရှိရင် ကျွမ်းကျင်သူနဲ့ ပြသပါ။
မိန်းမကိုယ် နေရာတစ်ဝိုက်အတွင်း၊ အပြင်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။
ပြင်ပပစ္စည်းတစ်ခုခု ကျန်နေတာ၊ အရည်အိတ်၊ ရောဂါပိုးဝင်တာ၊ မှိုရောဂါရှိတာ၊ ကာလ
သားရောဂါ၊ အခြားမိန်းမကိုယ်ရောဂါနဲ့ အဖုအကျိတ်ကင်ဆာ စသဖြင့်
မျိုးစုံဖြစ်နိုင်ပါတယ်။
အနံ့ပျောက်ဖို့နဲ့ သန့်ရှင်းနေစေဖို့
မိန်းမကိုယ်တစ်ဝိုက်ကို ဆေးရည်နဲ့ ပုံမှန်ဆေး ကြောပေးရမယ်လို့ ယူဆကြတာရှိပါတယ်။
ဒါပေမယ့် ရောဂါ (သို့) ပြဿနာ ထွေထွေထူးထူးမရှိရင် မလိုအပ်ဘူးလို့ ဆိုပါတယ်။
ဆေးရည်နဲ့ အလွန်အကျွံ ဆေးကြောမိရင် ဓာတုပစ္စည်းပြင်းပြင်းကြောင့် ပုံမှန်ရှိရမယ့်
ကောင်းတဲ့ဘက်တီးရီးယားတွေ သေကြေကုန်ပြီး မိန်းမကိုယ်အတွင်းပိုင်း
ယောနိနံရံဆဲလ်တွေမှာ ပြဿနာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အလွန်အကျွံ
ဆေးကြောမှုကိုယ်တိုင်က အရည်ဆင်းတာနဲ့ အနံ့ထွက်တာတွေကို ဖြစ်စေနိုင်တယ်လို့လည်း
ဆိုပါတယ်။
Credit : ဒေါက်တာစိုးဝင်းဦး
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။