အရေးအကြောင်းတွေကို နောက်ပြန်ဆွဲဖို့
28-Mar-2020
Antioxidants ပါဝင်တဲ့ နေရောင်ခြည်ဒဏ်ခံ
Lotion ၊
ခရင်မ်တစ်မျိုးမျိုးကို
အသုံးပြုပြီး
လိမ်းခြယ်နိုင်ပါတယ်။
ဗီတာမင်အီးနဲ့
ဗီတာမင်စီဟာ Free
Radical တွေကို
တိုက်ထုတ်ဖို့
အကောင်းဆုံး
အဖော်မွန်ပါပဲ။
ဗီတာမင်စီဟာ UVA ရောင်ခြည်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးဖြစ်ပြီး
ဗီတာမင်အီးဟာ UVB ရောင်ခြည်ကို ကာကွယ်ဖို့ အကောင်ဆုံးဖြစ်ပါတယ်။
အဲဒီနှစ်မျိုးပေါင်းပြီး
ပါဝင်တဲ့
နေရောင်ခြည်ဒဏ်ခံ
Lotion တွေ၊
ခရင်မ်တွေဆိုရင်
ပိုမိုကောင်းမွန်စေပါတယ်။
အစားအစာအနေနဲ့လည်း
ဗီတာမင်အီး
ပါဝင်တဲ့
အစားအစာများ (ဥပမာ-အစေ့အနှံများ) ဗီတာမင်စီပါဝင်တဲ့
အစားအစာများ (ဥပမာ-အရည်ရွှမ်းတဲ့ အသီးများ) တို့ကို စားသုံးမယ်ဆိုရင်
အရေးအကြောင်း
ဖြစ်ခြင်းတွေကို
ကာကွယ်ပေးနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်တွေကို
စားသုံးမယ်ဆိုရင်လည်း
ကျက်အောင်ချက်ပြုတ်မစားဘဲ
မကျက်တကျက်လေး
ချက်ပြုတ်စားသင့်ပါတယ်။
ဒါမှသာ
အရေပြားကာကွယ်ဖို့အတွက်
လိုအပ်တဲ့
အာဟာရဓာတ်တွေ
ရရှိမှာ
ဖြစ်ပါတယ်။
အရေးအကြောင်းတွေအတွက်
နောက်ထပ်သင့်တော်တာ
တစ်ခုကတော့
Moisturizer ပါဝင်တဲ့
Lotion၊
ခရင်မ်တွေ
အသုံးပြုပြီး
ကာကွယ်ဖို့ပါပဲ။
Moisturizer ကို
နေရောင်ခြည်
တိုက်ရိုက်ထိခိုက်နိုင်တဲ့
နေရာတွေရော၊
နေရောင်ခြည်
အလွယ်တကူ
မထိတွေ့နိုင်တဲ့
အဝတ်အစား
အောက်တွေပါ
လိမ်းသင့်ပါတယ်။
သင့်ရဲ့
ကောင်းမွန်စွာ
အနားယူမှုဟာ
သင့်ရဲ့အရေပြားအတွက်
အကျိုးရှိစေပါတယ်။
ရေများများ
သောက်ပါ။
အနားယူပါ။
ပြုံးပါ။
စိတ်ညစ်စရာတွေကို
မောင်းထုတ်ပစ်ပါ။
ညဘက်မှာ ကောင်းကောင်းအိပ်စက်
အနားယူပါ။
သင့်အနေနဲ့
အရေပြားပေါ်မှာ
အရေးအကြောင်းတွေကို
မလိုချင်ဘူးဆိုရင်
သင့်ရဲ့စိတ်ကို
ကောင်းကောင်း
အနားယူဖို့ကလည်း
အရမ်းအရေးကြီးပါတယ်။
ပြင်ပအရေပြား
ကောင်းမွန်ဖို့ဆိုတာ
အတွင်းစိတ်ကလည်း
ကောင်းမွန်စွာ
အနားယူဖို့
လိုအပ်ပါတယ်။
Credit : မိုးရေဖြူ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။