နှုတ်ခမ်းနီရဲရဲဆိုးတဲ့အခါ
29-Mar-2020
ကလည်း “ ပြောတိုင်းအောင်၍
မိမိစကား
အရာရောက်စေဖို
့
နှုတ်ခမ်းဆိုးဆေးအနီကိုဆိုးထားပါ ” လို ့အကြံပြုလေ့ရှိပါတယ်။
အလှအပရှုထောင့်က
ကြည့်တဲ့အခါမှာလည်း “ နှုတ်ခမ်းနီ မလေးတွေက ဆန့်ကျင်ဘက်လိင်ကို
ညှို
့အားပိုစေတယ်၊
နှုတ်ခမ်းဆိုးဆေး
အနီရဲရဲလေးတွေက
ပွဲလမ်းသဘင်ရှိမှမဟုတ်ပါ
ဘူး
ဘယ်နေ
ရာ၊
ဘယ်လိုရာသီဥတု မျိုးနဲ့မဆို လိုက်ဖက်နေတာပါဘဲ ” လို ့ အလှဖန်တီးရှင်တွေက
ဆိုထားပြန်ပါတယ်။
သို့သော် ထူထူထဲထဲဆိုးမိတဲ့အခါ
ဖက်ရှင်မကျတော့ပါဘူး။
ဒါ့ပြင်
ဆိုးဆေးတွေဘေးပြန်
့
ကုန်တဲ့အခါ
အလှပျက်စေတာကြောင့်
အောက်ပါအတိုင်း
စံနစ်တကျသုံးတတ်ဖို
့
အရေးကြီးပါတယ်။
နှုတ်ခမ်းပေါ်မှာ အရေခွံလန်နေသူများက
ဦးစွာ
သွားတိုက်တံ
(သွားပွတ်တံ) ဖြင့် နှုတ်ခမ်းသားကို ခပ်ဖွဖွပွတ် တိုက်ပေးပါ။ (အဲဒီလန်နေတဲ့ အရေခွံပေါ်ကို နှုတ်ခမ်းဆိုးဆေးတင်
မိတဲ့အခါ
နှုတ်ခမ်းနီတွေက
မညီမညာဖြစ်နေ
တတ်လို့ပါ။
တခြားအရောင်တွေနဲ့မတူ
သိသိသာသာ
အကြည့်ရဆိုးပါတယ်) ပြီးရင် nude colour (ခေါ်) အသားရောင်ရင့်ရင့်
နှုတ်ခမ်းဆိုးဆေးခဲတံဖြင့်
နှုတ်ခမ်းကို
လိုင်းဖော်ပါ။ (အကယ်၍ nude colour ဆိုးဆေးခဲတံမရှိရင်၊
နှုတ်ခမ်းနီနီအရောင်နှင့်
ခပ်ဆင်ဆင်တူတဲ့
ခဲတံဖြင့်
လိုင်းဖော်ပေးနိုင်ပါတယ်)
နှုတ်ခမ်းနီရဲရဲ ဆိုးလို့ရပါပြီ။
နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ၊
လက်ညှိုးလေးသုံး၍
နှုတ်ခမ်းသားတွေကို
အသာအယာ
ညှိပေးလိုက်ပါ။ (အဲဒီလိုပြုပေးခြင်းဖြင့်
နှုတ်ခမ်းသားပေါ်က
ပိုလျှံနေတဲ့ဆိုးဆေးတွေကို
လက်ကဖယ်
ရှင်းပေးရာရောက်သလို၊
ဆိုးဆေးတွေ
ပျစ်နှစ်
ထူပိန်းမနေစေတော့ပါဘူး)
နောက်ဆုံးအဆင့်အနေဖြင့်
မှန်ကြည့်ပြီး
ပြုံးပါ/နှုတ်ခမ်းစူကြည့်ပါ။ (ဒီနည်းက နှုတ်ခမ်းေ ထာင့်စွန်းတွေပေါ်မှာ
ဆိုးဆေးနီနီတွေ
စွန်းပေ/မပေ ကို စစ်ဆေးကြည့်တာဖြစ်ပါတယ်။
အ
ကယ်
၍
ဆိုးဆေးတွေဘေးပြန်
့နေပါက၊
ကရင်ပ်(ဖ်) ရေမြုံ ့လေးဖြင့် အသာအယာတို ့ေ ပးလိုက်ပါ)
“ အသားမည်း
ရဲရဲဆင် ” ဟူသော ဆိုရိုစကားလေးကို
ကြားဖူးကြမှာပါ။
ဒါကြောင့်
နှုတ်ခမ်း
နီရဲရဲလေးတွေက
အသားဖြူသူရော၊
အသားမည်းသူတွေနှင့်ပါ
လိုက်ဖက်ပါတယ်။
အထူးသတိထားရမှာက
မည်သည့်အသားအရေမျိုးမဆို
အနီရဲရဲဆိုးဆေးသုံးတဲ့
အခါ၊
ပုံမှန်ထက်
မိတ်ကပ်ကို
လျော့လိမ်းပေးသင့်ပါတယ်။
အထူးသဖြင့်
အသားမည်းသူတွေက
အိုင်းလိုင်နာ-အိုင်းရှဲဒိုး-msacara တွေကိုပါ ခပ်ဖျော့ဖျော့လေး
သုံးပေးခြင်းဖြင့်
နှုတ်ခမ်းနီနီကြောင့် မျက်နှာကြီးရင့်ရော်မနေစေတော့ဘဲ၊
နှုတ်ခမ်း
အလှပိုမိုပေါ်လွင်
စေတော့မှာဖြစ်ပါတယ်။
Credit : တင်ထက်ထက်ဇော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။