နိမ့်ကျစိတ်ထား ခံစားမှု
29-Mar-2020
နိမ့်ကျစိတ်ထားဟူသည်မှာ စိတ်ခံစားမှုတစ်ရပ် ဖြစ်၍ ထိုသူတို့တွင် ကိုယ့်စွမ်းအားကိုယ် မယုံကြည်စိတ် ရှိတတ်သည်။ ပညာရပ်တစ်ခုခုတွင် မလုပ်ကိုင်တတ်မှု မသိနားမလည်မှုနှင့် မသက်ဆိုင်ချေ။ လူတစ်ဦးတစ်ယောက်၏ နိမ့်ကျစိတ်ထားကို အခြားသူတစ်ဦးက တွေ့မြင်ရန်မလွယ်ကူသလို သူကိုယ်တိုင်လည်း သိမြင်မည်မဟုတ်ပေ။ နိမ့်ကျစိတ်ထား ရှိနေမှုကို အောက်ပါလက္ခဏာရပ်များဖြင့် သိရှိနိုင်မည်ဖြစ်သည်။
(၁) စိတ်မလုံခြုံခြင်း
သီးသန့်နေလိုခြင်း၊
စိတ်ပျက်လွယ်ခြင်း၊
စိတ်မတည်ငြိမ်ခြင်း၊
(၂) နာကျည်းလွယ်ခြင်း
အခြားသူများနှင့်
နှိုင်းယှဉ်မှု၊
ဝေဖန်မှုကို
နာကျည်းလွယ်ခြင်း၊
(၃) အထအနကောက်တတ်ခြင်း
အခြားသူများ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းသည်
မိမိအား
စောင်းမြောင်းနေသည်ဟု
ထင်တတ်ခြင်း၊
ယူဆတတ်ခြင်း။
(၄) အာရုံစိုက်မှုရအောင်
လုပ်တတ်ခြင်း
အောင်မြင်မည်ထင်သည့်
မည်သည့်နည်းဖြင့်မဆို
အများ၏
အာရုံစိုက်မှုရအောင်ပြုလုပ်တတ်ခြင်း။
(၅) လွှမ်းမိုးတတ်ခြင်း
မိမိထက် ခွန်အားငယ်သော သူများအား အနိုင်ကျင့်တတ်ခြင်း။
(၆) အစားထိုးခြင်း
အများလက်ခံသည့် အပြုအမူဖြင့် အစားထိုးပြီး ယင်း၏ စိတ်ထားနိမ့်ကျမှုကို
ဖုံးကွယ်ထားတတ်ခြင်း။
(၇) ခေါင်းမာခြင်း
အလျှော့မပေးသော သဘောထားရှိခြင်း၊
မှားလျှင်လည်း
မှားကြောင်း၊
ဝန်မခံခြင်း။
နိမ့်ကျသည့်စိတ်သည်
ကလေးအရွယ်နှင့်
ကျောင်းကြိုအရွယ်တွင်
အိမ်၌
တွေ့ကြုံခံစားမှုများမှ
ပေါက်ဖွားလာခဲ့သည်။
ကလေးများသည်
မိဘတို့၏
လက်ခံမှု၊
သဘောကျမှုကို
လိုလားစွာ
ရှာဖွေနေသူများ
ဖြစ်ကြရာ
မိဘတို၏
သဘောထားသည်
လွန်စွာမှပင်
အရေးပါလှသည်။
Credit : ခင်မောင်သန်း (စိတ်ပညာ)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
