Print

ခေါင်းကိုက်ခြင်း

  16-Apr-2017
Preview Image

ခေါင်းကိုက်ခြင်း ဖြစ်ပေါ်နေပါက ဆရာဝန်ပြပါ။ ဆရာဝန် ညွှန်ကြားထားသောဆေးကို သောက်သင့်ပါသည်။ ခေါင်းကိုက်ခြင်း မဖြစ်စေရန် အလွန်ပူသောနေရာမှ အလွန်အေးစိမ့်သော နေရာသို့သွားခြင်းမျိုးကို သတိထားရှောင်ပါ။ အိပ်ရေးမပျက်စေရန် ဂရုစိုက်ပါ။ အစားအစာကို ဝအောင်စားပါ။ ခန္ဓာကိုယ်အတွက် ရေပမာဏ လုံလောက်စွာ ဖြည့်စွက်ပေးပါ။ ရေများများသောက်ပေးပါ။ အရက်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ နေ့စဉ်မိနစ် ၃၀ ခန့် အားကစားလုပ်ပေးပါ။ ဖိအားများ မဖြစ်စေရန် သတိပြုပါ။ စိတ်ဖိစီးမှုများကို လျှော့ချထားပါ။


 ပတ်ဝန်ကျင်ရှိ အလွန်ဆူညံသံများကြောင့် ခေါင်းကိုက်ခြင်းဖြစ်ပေါ်ပါက ဆူညံသော နေရာမှ အမြန်ထွက်ခွာ၍ တိတိဆိတ်အေးချမ်းသော နေရာတစ်ခု၊ အိပ်ခြင်းပြုလုပ်၍ အနားယူလိုက်ပါ၊ 


 ခေါင်းအရမ်းကိုက်ခြင်း မသက်သာပါက အဝတ်ထူထူထဲသို့ ရေခဲအနည်းငယ်ထည့်၍ ခေါင်းကို ကပ်ပေးနိုင်ပါသည်။ ခေါင်းကိုက်နေပါက မျာက်လုံးကို မှိတ်၍ စိတ်လျှော့ချကာ ခန္ဓာကိုယ်ရှိကြွက်သားများကို ဖြေလျှော့ထားပါ။ ပခုံးပိုင်း၊ လည်ပင်းပိုင်းတို့ကို နှိပ်ပေး၍ အကြာလျှော့ချလိုက်ပါ။


 ခေါင်းကိုက်ခြင်း ဖြစ်တတ်သူများသည် အဆီပါသော အသား၊ တိရိစ္ဆာန်တို့၏  အသည်း၊ ကလီစာတို့ကို လျှော့စားပါ။ ဗီတာမင် B ဓာတ်ရရှိစေရန် တစ်နေ့လျှင် ဗီတာမင် B ဓာတ် ၅၀ မီလီဂရမ် စားပေးသင့်ပါသည်။ ဗီတာမင် B ဓာတ်ပါသော အစားအစာတစ်ချို့မှာ အဝါရောင်ဥအနှစ်၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ နို့ထွက်စားစရာ ပစ္စည်းများ၊ ဂုံးကောင်တို့ ဖြစ်ပါသည်။


 ခေါင်းကိုက်တတ်သူများသည် ဗီတာမင် စီ ပါသော အစားအစာများကိုလည်း စားပေးပါ။ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ အစိမ်းရောင်ရင့်ရင့် ဟင်းရွက်စိမ်းများထဲတွင် ဗီတာမင် စီ ဓာတ်ကြွယ်ဝစွာပါသည်။ ခန္ဓာကိုယ်သည် ဗီတာမင် စီ ဓာတ် လုံလောက်စွာ ရရှိပါက ဖိအားများလျှော့ပေး၍ ခေါင်းကိုက်ခြင်းရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါသည်။


 ခေါင်းကိုက်တတ်သူများသည် မဂ္ဂနီဆီယမ်ဓာတ် ခန္ဓာကိုယ်ကို လုံလောက်စွာ ဖြည့်ပေးရမည်။ မဂ္ဂနီဆီယမ်ဓာတ်ပါသော အစားအစာ အချို့မှာ ခရမ်းသီး၊ အုတ်ဂျုံ၊ ပန်းစိမ်းတို့ ဖြစ်ပါသည်။


လိုအပ်သောဓာတ်များ

ခေါင်းကိုက်တတ်သူများသည် ဗီတာမင် B1 ၊ ဗီတာမင် B2 ၊  ဗီတာမင် B3 ၊  ဗီတာမင် B5 ၊ ဗီတာမင် B6 ၊ ဗီတာမင် B9၊ ဗီတာမင် B12၊ ဗီတာမင် C ၊ ဗီတာမင် H ၊ ဗီတာမင် K ၊  မဂ္ဂနီဆီယမ်ဓာတ်တို့ လိုအပ်ပါသည်။


စားသင့်သော အစာ

ခေါင်းကိုက်တတ်သူများသည် ငရုတ်သီးပွ ၊ ခရမ်းသီး ၊ ပြောင်းဖူး ၊ ပဲပင်ပေါက် ၊ ကြက်သွန်ဖြူ ၊ ရေညှိ ၊ သလဲသီး ၊ ကီဝီသီး ၊ သံပရိုသီး ၊ ဂရိတ်ဖုသီး ၊ ပန်းသီး ၊ နာနတ်သီး ၊ ရွှေဖရုံသီး ၊ နေကြာစေ့ ၊ မြေပဲ ၊ နှမ်း ၊ ပဲပြား ၊ အဆီမပါ အသားတို့ စားပေးသင့်ပါသည်။


မစားသင့်သော အစာ

ခေါင်းကိုက်တတ်သူများသည် ဝက်အူချောင်း ၊ ကျပ်တိုက်သား ၊ လက်ဖက်ရည် ၊ ကော်ဖီ ၊ အရက် ၊ ဘီယာ ၊ ရွှေပဲသီး ၊ ချောကလက် ၊ အချိုမှုန့် ၊ ချဉ်ဖတ် ၊ ငရုတ်ဆီတို့ မစားသင့်ပါ။


Credit : Myo Myint 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18