လိင်ဆက်ဆံခြင်းနှင့် နှလုံးရောဂါ
03-Apr-2020 ရာဂါကို
ကာကွယ်နိုင်သည်ဟု
သုတေသီတို့က
ဆိုကြပါသည်။
ယေဘုယအားဖြင့်
တစ်မိုင်ခန့်
လမ်းလျှောက်ခြင်း
စက်ဘီးစီးခြင်းတို့နှင့်
တူညီသည်ဟု
ဆိုနိုင်ပါသည်။
၁၉၈၀ ပြည့်ခုနှစ်များက
အင်္ဂလန်ပြည်
ဝေလနယ်တွင်
လေ့လာမှုတစ်ခုအရ
တစ်ပတ်လျှင်
နှစ်ကြိမ်နှင့်အထက်
ဆက်ဆံသူ
အမျိုးသားတို့သည်
တစ်လလျှင်တစ်ကြိမ်ထက်
နည်းသူထက်
နှလုံးရောဂါရရှိမှု
ထက်ဝက်မျှ
လျော့နည်းကြောင်း
တွေ့ရှိရပါသည်။
မောင်နှင့်မယ်တို့
ထိုသို့
နေထိုင်တတ်မှုသည်
နှလုံးကျန်းမာရေးအတွက်
အထောက်အကူပြုကြောင်း
ပညာရှင်အများစုက
ယုံကြည်လက်ခံကြပါသည်။
ဇနီးမယားအပေါ်
သစ္စာရှိရှိ
လက်တွဲမပျက်
ပေါင်းသင်းလေ့ရှိသည့်
ခင်ပွန်းတို့မှာ
ခင်ပွန်းကောင်းဖြစ်ပြီး
သစ္စာဖောက်ပြားသူတွေထက်
ပိုမိုကျန်းမာ
သန်စွမ်းခွင့်ရကြမည်
ဖြစ်ပါသည်။
ဆက်ဆံမှုတွင် တက်စတိုစတီရုန်း ဟော်မုန်းအပြင် Dehydroepiandrostone DHEA ဟော်မုန်းတို့ကလည်း
လှုံ့ဆော်အားပေးကြရာ
ထိုဟော်မုန်း နှစ်မျိုးစလုံးတို့သည်
နှလုံးရောဂါရရှိနိုင်မှုတို့အတွက်
အကာအကွယ်ပေးရုံသာမက
နှလုံးရောဂါရရှိသည့်တိုင်
နှလုံးကြွက်သားတို့
ကြံ့ခိုင်ရေးအတွက်
အထောက်အကူ
ပြုကြသည်ဟု
သိရသည်။
ထို့ကြောင့်
နှလုံးရောဂါရှင်များအား
သင့်တင့်သော
မောင်နှင့်မယ်
ဆက်ဆံခွင့်ကို
နှလုံးအထူးကု
ဆရာဝန်များက
ခွင့်ပြုထားခြင်းဖြစ်သည်။
Credit : ဒေါက်တာမြင့်သန်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။