Print

အသံဝင်ခြင်း

  30-Apr-2017
Preview Image

အသံဝင်ခြင်းဆိုတာကတော့ စကားပြောရင် အသံထွက်တဲ့ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်ရမ်းခြင်းကို ခေါ်ဆိုပါတယ်။ သာမန်ဗိုင်းရပ်စ်ရောဂါပိုးများကြောင့်လည်းကောင်း၊ တစ်ခါတစ်ရံ ဘက်တီးရီးယားပိုးကြောင့်လည်းကောင်း၊ အသံဝင်ရောဂါဖြစ်တတ်ပါတယ်။ ရောဂါပိုးတွေဟာ လည်ချောင်းမှတစ်ဆင့် အသံထွက် ကိုယ်အင်္ဂါအစိတ်အပိုင်းသို့ ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ အသံဟာအက်ကွဲသံဖြစ်နေပြီး ချောင်းခြောက်များဆိုးကာ တစ်ခါတစ်ရံ ဖျားတတ်ပါတယ်။ 


ရောဂါလက္ခဏာများ

• အသံအက်ကွဲခြင်းသို့မဟုတ် အသံလုံးဝမထွက်ခြင်း။

• ချောင်းခြောက်ဆိုးခြင်း။

• ကိုယ်အပူချိန်အနည်းငယ်မြင့်နေတတ်ခြင်း။

• လည်ချောင်းနာခြင်း။

• အက်ကွဲသံဖြင့် ချောင်းအဆက်မပြတ်ဆိုးပြီး Croup (ခရု) ဟု မြည်ပြီးမှ ချောင်းဆိုးရပ်ခြင်း။


 အသံဝင်ခြင်းရောဂါဟာ ခုနစ်ရက်ထက်ပိုမကြာတတ်ဘဲ အာသီးရောင်ခြင်း၊ လေပြွန်ရောင်ခြင်းတို့နှင့် တစ်ဆက်တည်းဖြစ်သော်လည်း စိုးရိမ်ရန်မလိုပါဘူး။ ဒါပေမဲ့ ငယ်ရွယ်သေးတဲ့ ကလေးငယ်များမှာ အသံအိုးရောင်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ကာ အသက်ရှူရခက်ခဲပြီး Croup (ခရု) ဆိုတဲ့ မြည်သံကြားရလာရင် စိုးရိမ်ရပါတယ်။ ချက်ချင်းဆေးဝါးကုသမှု ခံယူဖို့လိုပါတယ်။ 


 ဘက်တီးရီးယားပိုးကြောင့် အာသီးရောင်ခြင်း၊ လေပြွန်ရောင်ခြင်းတို့တွေ့ရှိရရင် ဆရာဝန်က ပိုးသတ်ပဋိဇီဝဆေး တစ်မျိုးမျိုးကို ညွှန်ကြားပါလိမ့်မယ်။ စကားအကျယ်ကြီးမပြောပါစေနဲ့။ ခပ်နွေးနွေးအရည်များသောက်စေခြင်းဖြင့် လည်ချောင်းတစ်လျှောက် နာကျင်မှုများသက်သာစေပါတယ်။ ရှောက်ပျားရည်တို့လို သစ်သီးဖျော်ရည်များကို ရေနွေးပူပူနဲ့ စပ်ပြီး ဖျော်ရည်ပူလေး အဖြစ်ကလေး သောက်သုံးဖို့ စီစဉ်ပေးပါ။


Credit : ဒေါက်တာမာမာဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18