ကလေးသူငယ်များ စကားမပီခြင်း
10-Apr-2020 လိုအပ်လာပေပြီ။ ထိုမျှသာမကဘဲ ကလေးဆရာဝန်များနှင့်လည်းကောင်း၊
တတ်ကျွမ်းနားလည်သူများနှင့်
သော်လည်းကောင်း
နှီးနှောတိုင်ပင်သင့်လှပေသည်။
တစ်ခါတစ်ရံတွင်မူ
နေထိုင်မကောင်းခြင်းကြောင့်
စကားလုံးအသံထွက်ပီသခြင်း
တိုးတက်မှုနှေးကွေးသည်လည်း
ရှိတတ်၏။
ထူးခြားသောအကြောင်းရင်းတို့ကြောင့်
ဖြစ်တတ်သော
ကလေးသူငယ်များ၏
စကားမပီခြင်းသည်
သုံးမျိုးသုံးစားရှိ၏။
(၁) စကားပြုလုပ်သော အင်္ဂါသည် အသံတည်ဆောက်မှုဆိုင်ရာ
Unusual အခြေအနေဖြစ်နေခြင်း၊
အထူးသဖြင့်
အာခေါင်၊
နှုတ်ခမ်း၊
လျှာ၊
သွားစသည်တို့
Unusual ဖြစ်နေသော
ကိစ္စရပ်ဖြစ်၏။
ဥပမာဆိုရသော်
အာခေါင်ကွဲသော
ရောဂါသည်
လည်ချောင်းအတွင်းပိုင်းကို
မပိတ်နိုင်သဖြင့်
နှာခေါင်းသံပါနေရ၏။
ထိုအခါမျိုးတွင်
ပါးစပ်တွင်း၌
လေကိုတစ်ကြိမ်ဖမ်းထား၍
အန်ထုတ်ရသောအသံထွက်
စကားလုံးတို့ကို
ပီသအောင်
မပြောနိုင်ကြချေ။
(၂) စကားလုံးပြုလုပ်သောအင်္ဂါမှာ
အလုပ်မလုပ်နိုင်တော့လောက်အောင်
ဆွံ့ (လေဖြတ်) သွားကာ ဟန်ချက်ညီမှုကိုကောင်းစွာ
မထိန်းနိုင်သော
ကိစ္စရပ်ဖြစ်၏။
အတိအကျဆိုသော်
ဦးနှောက်တွင်
လေဖြတ်သည့်
သဘောဖြစ်ခြင်း၊
ဥိးနှောက်ကျူမာ၊
ဦးနှောက်ဆဲလ်များ
လုပ်ဆောင်မှု၌
ထိခိုက်ခြင်း၊
ကြွက်သားများ
ရောဂါဖြစ်ခြင်း
အစရှိသည်တို့ဖြစ်ကြ၏။
ဤရောဂါများကြောင့်
စကားမပီသခြင်းအပြင်
အခြားသော
ဝေဒနာများလည်း ဖြစ်တတ်ပေရာ ရောဂါကို လျစ်လျူထား၍တော့မရပါ။
(၃) သောတာရုံထိခိုက်မှုဝေဒနာဖြစ်၏။
ကြီးကျယ်သော
နားလေးခြင်းသည်
စကားပြောခြင်းကို
နောက်ကျစေပါသော်လည်း
နားလေးသော
ဝေဒနာသည်များ
စကားမပြောသည်က
များလှသဖြင့်
နားလေးခြင်းရောဂါကို
လျစ်လျူမရှုထားသင့်ချေ။
နည်းနည်းပါးပါး
နားလေးခြင်းအတွက်မှာမူ
စကားပြောနောက်ကျမှု
နည်းပါး၏။
သို့သော်
စကားမပီခြင်းကို
တွေ့ရတတ်သည်။
အထူးသဖြင့်
တွေ့ပြင်နေရသည်မှာ
အပူချိန်မြင့်သော
ဒေသများတွင်တွေ့ရသော
နားလေးမှုဖြစ်၏။
အပြန်အလှန်
စကားပြောဆိုမှုများတွင်
ကျယ်ပြန့်သော
Frequency မှာ
၅၀၀
မှ
၂၀၀
ကြားဖြစ်၏။
ထို့ကြောင့် ၂၀၀၀ အထက်ဖြစ်သော Domain တွင် နားလေးသည်ရှိသော်
နေ့စဉ်
စကားပြောဆိုရာ၌
မည်သို့ပင်ပြောပြော High
Fre-quency နယ်မြေကို
မကြားနိုင်ပဲ
စကားပြော
အသံနှေးကွေးမှု
ဖြစ်လာရသည်။
ဤသို့သော
နားလေးမှု
အမျိုးအစားသည်
Hearing Aid ကို
အသုံးပြုမှုလိုက်၍
တိုးတက်မှု
ရရှိနိုင်သည်ဖြစ်သဖြင့်
သူများပြော စကားကို အဖမ်းရခက်သည်ဆိုခြင်းမှာ
အဆန်းမဟုတ်ဘဲ
တစ်ချိန်ချိန်တွင်
တိုးတက်လာရပါ၏။
ရောဂါဝေဒနာကြောင့်
ဖြစ်ရခြင်းသည်သာလျှင်
စိုးရိမ်ဖွယ်ရာရှိပါသည်။
Credit : ရဲမြင့်နောင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။