ဆေးလိပ်ကြောင့် အရေပြားမွဲခြောက်ကာ တွန့်ခြင်းအကြောင်း
10-Apr-2020
ထူးခြားတာက ဆေးလိပ်သောက်သူတွေရဲ့အရေပြားဟာ
ခြောက်သွေ့နေတာပါပဲ။ အရေပြားရဲ့အပေါ်လွှာမှာ
ပုံမှန်ရှိရမယ့် အစိုဓာတ် ထူးခြားစွာ လျော့နည်းနေတာပါပဲ။ ဒီလိုအသားခြောက်တာကလည်း
အရေပြားတွန့်စေတဲ့ အချက်ပါ။ ဒါကြောင့် တချို့အမျိုးသမီးတွေမှာ လိမ်းလိုက်ရတဲ့
လိုးရှင်း။
အသားစိုပြည်စေချင်တာကိုး။ နောက်ပြီး
ဆေးလိပ်သောက်ရင် ဗီတာမင်အေဓာတ်လည်း အရေပြားမှာ နည်းသွားပါတယ်။ ဗီတာမင်အေဆိုတာ
အားလုံးသိကြတဲ့အတိုင်း အင်တီအောက်ဆီးဒင့်ပါ။ အရေပြားကို ဖျက်ဆီးမယ့်
လေလွင့်အောက်ဆီဂျင် အရိုင်းဓာတ်တွေကို တွန်းလှန်ပေးတာပါ။ ဒီတော့ ဗီတာမင်အေ
နည်းသွားရင် အရေပြား ပိုမိုပျက်စီးသွားတာပါ။ စောစောကပြောခဲ့တဲ့ ကိုလာဂျင်၊
အီလတ်စတင်အမျှင်တွေ အပျက်အစီးများပြီး အရေပြား အတွန့်အခေါက်တွေ၊ အရေးအကြောင်းတွေ
ပေါ်စေတာပေါ့။
အပူဓာတ်ကလည်း အရေပြားကို
တိုက်ရိုက်အထိနာစေပါတယ်။ နေရောင်ခြည်မှာ Infrared radiation လို့ခေါ်တဲ့
အနီအောက်ရောင်ခြည်တွေ ပါပါတယ်။ ဒီရောင်ခြည်က အပူဓာတ်ကြောင့်လည်း အီလတ်စတင်
အမျှင်တွေ ပုံမမှန်ဖြစ်ရပါတယ်။ ဒါကြောင့် အပူနဲ့မကင်းသူတွေရဲ့ အရေပြားဟာ
တွန့်ပါသတဲ့။ ဆေးလိပ်ရဲ့အပူကြောင့် ပါးစပ်ဝန်းကျင်က အီလတ်စတင်တွေ အထိနာပြီး
အဲဒီနေရာမှာ ပိုပြီးတွန့်နေတဲ့ အရေးအကြောင်းတွေ ပေါ်နေတာပါ။ ဆေးလိပ်ကြောင့်
အသက်လည်း မတိုစေချင်ပါဘူး။ ရုပ်လည်း မအိုစေချင်ပါဘူး။ ရှောင်ကြ၊ ရှားကြပါ။
Credit : ဒေါက်တာကျော်ကျော်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

