ချောကလက်စားခြင်းသည် ကိုယ်ဝန်သည်များအတွက် ကောင်းဟုဆို
15-Apr-2020
အမျိုးသမီးအတော်တော် များများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ကို တရစပ်ချင်ခြင်း တပ်တတ်ကြပါတယ်။ သူတို့က အစပ်တွေ၊ နှပ်ထားတဲ့ အစားအစာတွေ၊ အချဉ်တွေနဲ့ ချောကလက်တွေကို စားချင်တတ်ကြတယ်လေ။ ကံကောင်းချင်တော့ ကိုယ်ဝန်သည်တွေ ဒီလိုချောကလက်စားတာဟာ သူတို့ကျန်းမာရေးအတွက်
အရမ်းကောင်းပါသတဲ့၊
ဖလေဗင်ကြွယ်ဝတဲ့ ချောကလက်ကိုစားရင်
သန္ဓေသား
ဖွံ့ဖြိုးကြီးထွားမှုနဲ့
အချင်းကို
အများကြီး
ကောင်းကျိုးပေးတယ်လို့
လေ့လာချက်အသစ်က
ဆိုပါတယ်။
ဒါ့အပြင်
ကိုယ်ဝန်ဆောင်ချိန်မှာ
ဖြစ်တတ်တဲ့
ကိုယ်ဝန်အဆိပ်
တက်တာလိုမျိုး
အန္တရာယ်တွေကိုလည်း
လျှော့ချပေးနိုင်တယ်ဆိုတဲ့
အချက်ကို
ကနေဒါ
သုတေသီတွေက
ထုတ်ဖော်လိုက်တာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ
ချောကလက်စားရင်
ကိုယ်ဝန်သည်တွေအတွက်
မကောင်းဘူး၊ ကောင်းတယ်ဆိုတဲ့ တစ်ခုနဲ့တစ်ခု ကွဲလွဲဆန့်ကျင်နေတဲ့
လေ့လာချက်တွေ
အရင်ကထွက်
ခဲ့ဖူးပါတယ်။
ဒါကြောင့်
ကနေဒါက
သိပ္ပံပညာရှင်တွေက
ကိုယ်ဝန် ၁၁ ပတ်နဲ့ ၁၄ ပတ်ကြား အမျိုးသမီး ၁၂၉ ယောက်ကို စမ်းသပ်ခဲ့ပါတယ်။
သူတို့က
အဲဒီကိုယ်ဝန်သည်တွေကို
ဖလေဗင်ကြွယ်ဝတဲ့
ချောကလက်နဲ့
ဖလေဗင်သိပ်မကြွယ်ဝတဲ့
ချောကလက်တွေ
ကျွေးခဲ့ကြပါတယ်။
သူတို့ဟာ
၁၂
ပတ် လုံးလုံးတစ်ရက်ကို
ချောကလက်
၃၀
ဂရမ်စားကြပါတယ်။
အဲဒီအမျိုးသမီးတွေ မွေးဖွားတဲ့အချိန်ထိကို
သုတေသီတွေက
သူတို့ကို
လိုက်လေ့လာတာပါ။ အဲဒီမှာ သားအိမ်နဲ့သန္ဓေသားရဲ့
သွေးလှည့်ပတ်မှုနှုန်း
အရမ်းကောင်းတာကို
တွေ့ရပါသတဲ့။
ဒါကြောင့်
ချောကလက်မှာ
ဖလေဗင်များသည်ဖြစ်စေ၊နည်းသည်ဖြစ်စေ
ချောကလက်ဟာ
ကိုယ်ဝန်ဆောင်တွေအတွက်
ကောင်းတယ်လို့
သုတေသီတွေက
ကောက်ချက်ဆွဲလိုက်တာပါ။
Credit : ချယ်ရီ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
