နွေရာသီမှာ အိုမင်းခြင်းကိုကာကွယ်ဖို့ Sunscreen ကို သုံးကြစို့
22-Apr-2020
အပူချိန်မြင့်မားလာတာနှင့်အတူ အရေပြားပြဿ
နာတွေကိုလည်း လူတိုင်း မလွဲမသွေရင်ဆိုင်ရမှာပါ။ အဓိကကတော့
နေရောင်ခြည်ဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿ နာပါပဲ။
Sunscreen ကို ရွေးချယ်ရင်သိထားရမယ့်
အချက်တွေက
Sunscreen ကို
ရွေးချယ်အသုံးပြုချင်တယ်ဆိုရင် အောက်ပါအချက်ကလေးတွေ ပါဝင်တဲ့ Sunscreen မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
- Broad Spectrum
- SPF 30 (or higher) နဲ့
- Water Resistance တို့ပဲဖြစ်ပါတယ်။
Sunscreen နှင့် Moistruzer ကိုတွဲဖက်အသုံးပြုရင် သိထားသင့်တဲ့အချက်များ
သင်သုံးနေကျ Moistruzer တစ်မျိုးမျိုးနဲ့ တွဲဖက်ပြီး အသုံးပြုမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့
ရွေးချယ်မှုလို့ ဆိုရမှာဖြစ်ပါတယ်။ ထိုသို့ SPF 30 (or higher) ပါဝင်တဲ့ Sunscreen မျိုးကို ရွေးချယ်အသုံးပြု
ခြင်းက အရေးအကြောင်းဖြစ်ခြင်း၊ ပါးရေတွန့်ခြင်းတို့ကဲ့သို့ ဇရာရဲ့ရှေ့ပြေးနိမိတ် လက္ခဏာများကို အကာအကွယ်ပေးပါ။
အပြင်ကိုထွက်တဲ့အခါ
တကယ်လို့မှ သင်ဟာအလုပ်
ကိစ္စသော်လည်းကောင်း၊ အခြားအကြောင်း တစ်ခုခုကြောင့် သော်လည်းကောင်း အပြင်ကို
ထွက်ရမယ်ဆိုရင်တော့ မသွားခင်နှစ်နာရီခန့် ကြိုတင်ပြီး Sunscreen ကို လိမ်းထားသင့်ပါတယ်။
အကာအကွယ်များ
နေလောင်ဒဏ်ကို Sunscreen တစ်မျိုးတည်းနဲ့တင် ကာကွယ်ပေးလို့မရပါဘူး။ သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့
အသုံးအဆောင်တွေ ဥပမာ-ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ အင်္ကျ ီလက်ရှည် စတာတွေကို
အသုံးပြုပါ။ ထီးဆိုရင်လည်း အရောင်ရင့်ရင့်ကို အသုံးပြုနိုင်ရင်ပိုကောင်းပါတယ်။
Credit : Yuki
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
