Print

စားသုံးသင့်တဲ့ မုန်လာဥနီ

  04-May-2020
Preview Image

မြန်မာလူမျိုးတွေဟာ မုန်လာဥနီကို ကြော်စားတာပဲဖြစ်ဖြစ်၊ အစိမ်းလိုက်သုပ်စားတာပဲ ဖြစ်ဖြစ်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေထဲမှာ ထည့်ကြော်စားတာပဲဖြစ်ဖြစ် ပုံစံမျိုးစုံနဲ့ စားသောက်တတ်ကြပါတယ်။

မုန်လာဥနီကို ဖျော်ရည်စက်ထဲမှာ ထည့်မွှေပြီး ရလာတဲ့အနှစ်ကို ကိုယ်ကြိုက်နှစ်သက်တဲ့ ဖျော်ရည်ပုံစံမျိုးနဲ့လည်း သောက်သုံးလို့ ရပါတယ်။ မုန်လာဥနီကို ဖျော်ရည်အဖြစ် သောက်သုံးလို့ရပေမယ့် လူတိုင်းမကြိုက်တတ်ကြပါဘူး။ အချို့ဆိုရင် မုန်လာဥနီကို ဟင်းထဲမှာထည့်ချက်ရင်တောင် မကြိုက်တဲ့သူတွေ ရှိပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အကြိုက်ချင်းမတူတာမို့ မုန်လာဥနီ ကြိုက်သူများကိုတော့ မုန်လာဥနီဖျော်ရည်ကို ဖျော်သောက် ကြည့်စေချင်ပါတယ်။

မုန်လာဥနီကို ပုံမှန်စားသုံးပေးလျှင် သင့်ရဲ့အသည်း ကျန်းမာရေးအတွက် အထောက်အကူပေးပါလိမ့်မယ်။ မုန်လာနီမှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အသည်းကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင်မျက်လုံးအမြင်အားကိုလည်း ကောင်းစေပါတယ်။ မုန်လာဥနီဖျော်ရည်ကို သောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို ကျဆင်းအောင် ကူညီပေးပါလိမ့်မယ်။

မဂ္ဂနီဆီယမ်၊ ဘီတာကယ်ရိုတင်း ပါဝင်တဲ့အပြင် ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်စီ ပါဝင်တာမို့ အသားအရေကောင်းမွန်ဖို့ အတွက်လည်း အထောက်အကူ ပေးပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားခြင်းကိုလည်း ကာကွယ် ပေးပါတယ်။ တကယ်လို့ သင်ဟာ ဝမ်းချုပ်တတ်သူတစ်ယောက် ဆိုရင်တော့ မုန်လာဥနီအစိမ်းကို တို့စရာ၊ ဒါမှမဟုတ် ဒီအတိုင်း ကိုက်စားပေးပါ။ အကျိုးရှိပါလိမ့်မယ်။

မုန်လာဥနီဖျော်ရည်ကို နွေရာသီအချိန်မှာ သောက်သုံးပေးမယ်ဆိုရင် နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်းကို ထိန်းပေးပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်အတွက် အင်အားတွေတိုးစေပါလိမ့်မယ်။ မုန်လာဥနီဟာ တကယ့်ကို စားကောင်းတဲ့ အစားအစာ တစ်ခုပါ။ မုန်လာဥ ဖျော်ရည်သာမက မုန်လာဥနီကို အစိမ်းပဲဖြစ်ဖြစ်၊ ဟင်းအဖြစ်ချက်စားတာမျိုးပဲ ဖြစ်ဖြစ် စားသုံးသင့် ပါတယ်လို့ အကြံကောင်းလေး ပေးလိုက် ပါရစေ။

Credit : မြဝတီ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18