Print

ဖျားနာခြင်းမှ ကင်းဝေးစေရန်

  15-May-2017
Preview Image


တစ်ကိုယ်ရေသန့်ရှင်းမှုမရှိရင် ပိုးမွှားတွေ ကူးစက်ဝင်ရောက်ပြီး မကြာခဏ ဖျားနာတာတွေ ဖြစ်ပွားလွယ်စေပါတယ်။


(၁) လက်များကို ရေ၊ ဆပ်ပြာနှင့် ဆေးကြောပါ။

ပိုးမွှားတွေ လက်ကတစ်ဆင့် ပြန့်ပွားမှုမရှိအောင် လက်ချောင်းတွေ အားလုံးကို သန့်စင်ပေးဖို့ လိုပါတယ်။ အပေါ့အလေးမစွန့်ခင်နှင့် စွန့်ပြီးတဲ့အခါ၊ အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်မှု မရှိခင်နှင့် ချက်ပြုတ်ပြီးတဲ့အခါ၊ အစာမစားခင်နှင့် စားပြီးတဲ့အခါတွေမှာ လက်ကို ရေ၊ ဆပ်ပြာ အသုံးပြုပြီး သေချာစွာ သန့်စင်ဆေးကြောပေးပါ။ နှာချေတာ၊ ချောင်းဆိုးတာနဲ့ တိရိစ္ဆာန်တွေကို ကိုင်တွယ်ပြီးတဲ့ အခါမှာလည်း လက်ကိုသန့်စင်ပေးဖို့ မမေ့ပါနဲ့။


(၂) အိမ်သန့်ရှင်းရေး နေ့စဉ်ပြုလုပ်ပါ

အစားအသောက်ချက်ပြုတ်တဲ့ မီးဖိုချောင်၊ ထမင်းစားခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ ကြမ်းခင်းစတာတွေကို အနည်းဆုံးတစ်ပတ်တစ်ကြိမ် ဆပ်ပြာနဲ့ သေချာစွာသန့်စင်ဆေးကြောပေးဖို့ လိုပါတယ်။ ဓာတုပစ္စည်းနဲ့ အမွှေးနံပါဝင်မှုနည်းတာတွေကိုသာ အသုံးပြုပြီး သန့်စင်ပေးသင့်ပါတယ်။ အိမ်အပြင်မှာ စီးတဲ့ ဖိနပ်တွေကို အိမ်အတွင်း စီးဝင်တမျိုး မလုပ်ဘဲ အိမ်တွင်းစီးဖိနပ်ကို သီးသန့်ထားသင့်ပါတယ်။


(၃) အအေးမိ၊ နှာစေးတဲ့အခါ နှာခေါင်းစည်းတပ်ဆင်ပါ။

အအေးမိ၊ နှာစေးဖြစ်တဲ့အခါ အိမ်သားတွေကို မကူးစက်အောင် နှာခေါင်းစည်း တပ်ဆင်ထားသင့် ပါတယ်။ နှာချေပြီးတဲ့အခါ၊ နှာရည်ကျလို့ သုတ်တာတွေ ပြုလုပ်ပြီးတဲ့အခါ လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပါ။


(၄) တစ်ကိုယ်ရေသုံးပစ္စည်းကို ဝေမျှမသုံးပါနှင့်

တစ်ကိုယ်ရေ အသုံးပြုတဲ့ မျက်နှာသုတ်ပုဝါ၊ မုတ်ဆိတ်မွေးရိတ်တဲ့ဓား၊ မိတ်ကပ်၊ နှုတ်ခမ်းနီစတဲ့ မျက်နှာလိမ်းခြယ်ရတဲ့ အလှပြင်ပစ္စည်းတွေကို အိမ်သားတွေ မျှသုံးတာမျိုးမလုပ်ပါနဲ့။ ရောဂါပိုးမွှားတွေ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်တာကြောင့်ပါ။


(၅) အတွင်းခံကို လဲလှယ်သုံးခြင်း

အမျိုးသမီးတွေအနေနဲ့ ရာသီလာစဉ်မှာ အသုံးပြုတဲ့ ဂွမ်းထုပ်ကို တစ်နေကုန် မလဲလှယ်ဘဲ ဝတ်ဆင်ထားတာမျိုး မလုပ်ပါနဲ့။ ၄ - ၈ နာရီအတွင်း တစ်ကြိမ် မဖြစ်မနေ လဲလှယ်ပေးပါ။


(၆) ဆရာဝန်နဲ့ တိုင်ပင်ပါ

တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ အိမ်သားတွေရဲ့ ကျန်းမာရေးကို ဂရုတစိုက် ပြုလုပ်ပေမယ့် ဖျားနာတာတွေ ဖြစ်လာခဲ့ရင် မိသားစုဆရာဝန် ဒါမှမဟုတ် ပြုလုပ်ပေမယ့် ဖျားနာတာတွေ ဖြစ်လာခဲ့ရင် မိသားစုဆရာဝန် ဒါမှမဟုတ် အထွေထွေရောဂါကု ဆရာဝန်နဲ့ ပြသပြီးစစ်ဆေးမှုခံယူသင့်ပါသည်။


Credit:

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18