အအိပ်လွန်ခြင်း
21-May-2017အအိပ်လွန်ခြင်းနှင့် လွန်စွာ အအိပ်နည်းခြင်းသည် ခန္ဓာကိုယ်အလေးချိန် တိုးရန် တံခါးဖွင့်ပေးခြင်းပင် ဖြစ်သည်။ မကြာသေးမီက လေ့လာတွေ့ရှိချက်တစ်ခုအရ တစ်ညကို ၉ နာရီမှ ၁၀ နာရီကြားအိပ်စက်သူတွေဟာ ၇ နာရီမှ ၈ နာရီကြား အိပ်စက်သူတွေထက် ဝနိုင်ချေအခွင့်အလမ်း ၂၁ ရာခိုင်နှုန်းပိုတယ်လို့ ၆ နှစ်ကြာလေ့လာမှုတစ်ခုက ဆိုပါတယ်။
အအိပ်လွန်ခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေလည်း ရှိပါတယ်။ အမျိုးသမီး ၇၂၀၀လေ့လာထားသော တွေ့ရှိချက်တစ်ခုုက တစ်နေ့လျှင် အိပ်စက်ချိန် ၉ နာရီမှ ၁၁ နာရီကြား အိပ်စက်တဲ့ အမျိုးသမီးတွေဟာ တစ်နေ့ ၈ နာရီအိပ်စက်တဲ့ အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်နိုင်ချေ ၃၈ ရာခိုင်နှုန်း ပိုတယ်လို့ ဆိုပါတယ်။
အကယ်၍ သင်ဟာ တစ်ညမှာ ၇ နာရီမှ ၈ နာရီထက်ပိုပြီး အိပ်စက်နေသူဖြစ်လျှင် ဆရာဝန်နှင့် တိုင်ပင်ရန် လိုပါလိမ့်မယ်။ ဘာကြောင့် အအိပ်လွန်နေတာလဲဆိုတာ ဆရာဝန်က အကောင်းဆုံးနှင့် အနီးစပ်ဆုံး စစ်ဆေးအဖြေပေးပါလိမ့်မယ်။
အအိပ်လွန်ခြင်းဟာ တခြားကြောင့် မဟုတ်ပဲ တခြားဆေးဝါးသုံးစွဲမှုတွေကြောင့်ဖြစ်နေတာဆိုရင်တော့ အဆိုပါ အပြုအမူတွေ လျှော့ချမှသာ ပုံမှန်အိပ်စက်ခြင်းကို ပြန်လည်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
အကောင်းဆုံးကတော့ ညအိပ်စက်ချိန်ကို ၇ နာရီနဲ့ ၈ နာရီကြား ပုံမှန်သတ်မှတ်ပြီးအိပ်ဖြစ်အောင် အိပ်စက်ခြင်းပါပဲ။ ကျွမ်းကျင်သူတွေ အကြံပြုထားတာကတော့ အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို အလေ့အကျင့်တစ်ခုအဖြစ် သတ်မှတ်လုပ်ဆောင်ခြင်းပါပဲ။
နောက်တစ်ခုက အိပ်ရာဝင်ခါနီး ကဖင်းဓာတ်များသော ကော်ဖီနဲ့ အရက်သောက်ပြီး မအိပ်ဖို့လည်း အကြံပြုထားပါတယ်။ တစ်နေ့ကို အနည်းဆုံးလေ့ကျင့်ခန်း မိနစ် ၃၀ လောက် လုပ်ပေးခြင်းက စားဝင်အိပ်ကောင်းစေတယ်။ အိပ်ချိန်သတ်မှတ်လေ့ကျင့်ရာမှာ အသုံးဝင်
တယ်လို့ ဆိုပါတယ်။
Ref : ချစ်ကိုကို