ကီတုန်းဓာတ်များသဖြင့် ဆီးချိုမေ့မျောခြင်း (Diabetic Ketoacidosis Coma)
15-May-2020
ရောဂါလက္ခဏာများ-
(၁) ရေငတ်ခြင်း၊ ကိုယ်တွင်းရေခမ်းခြင်း
(၂) ဆီးအသွားများခြင်း (အထူးသဖြင့် ရောဂါပုံစံ ၁)
(၃) အန်ခြင်း
(၄) ဗိုက်နာခြင်း
(၅) အိပ်ချင်ခြင်း
(၆) အသက်ရှူရခက်ခြင်း
(၇) ပါးစပ်မှ သစ်သီးချိုမွှေးနံ့ရခြင်း (Ketone အနံ့)
(၈) ဆီးထဲမှာ Ketone ရှာတွေ့ခြင်း (Acetone)
(၉) သတိမေ့မျောခြင်း
ကီတုန်းများ၍ သတိမေ့မျောမှု မဖြစ်ရန်ကာကွယ်ခြင်း
(၁) ဆီးချိုရောဂါပျောက်ဆေး မှန်မှန်စားပါ။
(၂) အင်ဆူလင်လိုက မှန်မှန်ထိုးပါ။
(၃) အစာမှန်မှန်စားပါ။
(၄) လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။
(၅) သွေးတွင်းသကြား ပုံမှန်အချိန်မှန်တိုင်းပါ။
ဆီးချိုသတိမေ့မျောမှုကို ကုသခြင်း (Diabetic Coma Treatment)
(၁) အရေးပေါ် သေရေးရှင်ရေးဖြစ်၍ ဆေးရုံမှာသာ ကုသကြသည်။
(၂) ကိုယ်တွင်းရေးကို အစားထိုးသွင်းခြင်း။
(၃) သွေးလန့်ခြင်း (Shock) ကို ကာကွယ်ရန် လက်နှင့်ကိုယ်အတွင်းပိုင်း
သွေးပြန်ကြောထဲအပ် (ဝါ) ပြွန်ထည့်ထား၍ ဆေးသွင်းပါ။
(၄) အင်ဆူလင် (Insuline) ထိုးခြင်း
(က) 0.1 Unit of Insuline / Kg Body Weight
(ခ) သွေးတွင်းသကြားလျော့သွားက အင်ဆူလင်လျော့ပေးသွား။
(၅) ပိုတက်စီယမ်
သွေးတွင်းပိုတက်စီယမ် 5.3 mmol/L အောက်လျော့က ပိုတက်စီယမ်ပေးသည်။
(၆) ဆိုဒီယမ်ဆိုင်ကာဘိုနိတ်။
Ref:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှ ကောက်နှုတ်ထားပါသည်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
