Print

အလှအပနှင့် ရှားစောင်းလက်ပတ်

  21-May-2020
Preview Image

အလှတရားတစ်ခု အတွက်ကတော့ အချိန်ရယ် အလှအတွက်ဆို အကောင်းဆုံးဖြစ်တဲ့ ရှားစောင်းလက်ပတ်လေး တစ်ရွက်ပဲ ရှိရင်တောင် ပြည့်စုံသွားတဲ့အလှလေးတစ်ခုကို ပိုင်ဆိုင်လိုက်ပါ။

    ရှားစောင်းလက်ပတ်ဆိုတာကတော့ အလှတရားအတွက် အသုံးဝင်လှတဲ့သဘာဝတရားကြီးရဲ့ လက်ဆောင်လို့တောင် တင်စားလို့ ရနိုင်တဲ့အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ကတော့ တင်စားပြောထားတာထက်တောင် ပိုပြီး အလှအပအတွက် အသုံးဝင်လှပါတယ်။ ကိုယ်ခန္ဓာဘယ်နေရာတွေအတွက် အသုံးပြုလို့ ရမလဲဆိုတာကိုတော့ Marry ကနေ ဝေမျှပေးလိုက်ရပါတယ်။ မင်္ဂလာပွဲလေး ဆင်နွှဲမယ့် သတို့သမီးလေးတွေအတွက်ကတော့ အလှဆုံး ဖြစ်နေစေဖို့ ပြောပြပေးပါရစေ။ မင်္ဂလာဆောင်မတိုင်ခင် အသားအရေကိုလန်းဆန်းစေမယ့် ရှားစောင်းလက်ပတ် ဆိုတာကိုလည်း ပြောပြထားပါသေးတယ်နော်။

     ရှားစောင်းလက်ပတ်ဆိုတာကတော့ အလှတရားအတွက် အသုံးဝင်လှတဲ့သဘာဝတရားကြီးရဲ့ လက်ဆောင်နေလောင်ခံထားရတဲ့အသားအရေအတွက်ဆိုရင်တော့ ရှားစောင်းလက်ပတ်ရဲ့ အနှစ်ကို အသားအရေပေါ် လိမ်းပေးလိုက်ပါ။ဗောက်ထတဲ့ဦးရေပြားအတွက်လည်း ရှားစောင်းလက်ပတ်ကို ခေါင်းမလျှော်ခင် ဦးရေပြားထိအောင် လိမ်းပေးထားပါနော်။ရှားစောင်းလက်ပတ်က ခေါင်းအတွက်သာဆိုရင်တော့ ဗောက်ပျောက်စေရုံတင်မကဘဲ ဆံပင်တွေကို သန်မာဖို့အတွက်ရော ဆံပင်ရှည်မြန်စေဖို့အတွက်ပါ အကျိုးပြုတဲ့အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။

     ခြေဖနှောင့်တွေ ကွဲတာအတွက်လည်း ရှားစောင်းလက်ပတ်ကို လိမ်းပေးလိုက်လို့ ရပါတယ်။

    အသက်အရွယ်အရရော နေလောင်ဒဏ်တွေ ပင်ပန်းတာတွေကြောင့် ပေါ်လာတဲ့ အရေအကြောင်းတွေကိုလည်း ရှားစောင်းလက်ပတ်က အသာလေး အနိုင်ယူနိုင်ပါတယ်။

     မျက်ကွင်းတွေ ညိုနေတဲ့ ပန်ဒါမျက်ဝန်းလေးတွေကိုလည်း ရှားစောင်လက်ပတ်သာ လိမ်းပေးမယ်ဆိုရင် ဘိုင်းဘိုင်ပြလိုက်လို့ ရပါပြီ။

ဝက်ခြံလေးတွေလည်း နေရာ မရှိတော့ပါဘူး။ ရှားစောင်းလက်ပတ်သာ မှန်မှန်လိမ်းပေးမယ်ဆိုရင်တော့ မျက်နှာကို ချောမွေ့ လှပစေနိုင်မှာ အသေအချာပါ။

     အကြောပြတ်ရာတွေအတွက်ပါ ရှားစောင်းလက်ပတ်လိမ်းပေးတာက ပျောက်စေနိုင်မှာပါ။ရှားစောင်းလက်ပတ်သာ မှန်မှန်လိမ်းပေးမယ်ဆိုရင်တော့ မျက်နှာကို ချောမွေ့ လှပစေနိုင်မှာ အသေအချာပါ။

     တကယ်တော့ အလှတရားတစ်ခု အတွက်ကတော့ အချိန်ရယ် အလှအတွက်ဆို အကောင်းဆုံးဖြစ်တဲ့ ရှားစောင်းလက်ပတ်လေး တစ်ရွက်ပဲ ရှိရင်တောင် ပြည့်စုံသွားတဲ့အလှလေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။ အဆီကင်းစင်တဲ့ ကိုယ်လုံးအလှကို ပိုင်ဆိုင်နိုင်ဖို့ စားသောက်စနစ် ကိုလည်း လိုက်နာပေးပါနော်။ Marry မှာက သတို့သမီးလေးတွေအတွက် ခေါင်းကနေ ခြေအဆုံး လှပစေနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးထားပါတယ်။

Credit : Original Writer

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18