ခရီးသွားလျှင်ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန် ကာကွယ်ရမည့်အချက်များ
26-May-2017ခရီးသွားလျှင် အထူူးအဆန်းလေး စားလိုသောက်လိုတဲ့စိတ်သည် လူတိုင်းနီးပါးဖြစ်လေ့ရှိကြသည်။ ကိုယ်စားနေကျ အစားအစာ မဟုတ်ပဲပြောင်းလဲ စားသောက်လိုက်ခြင်း၊ ထိုအစားအသောက်ထဲတွင် ဘတ်တီးရီးယားပိုး ၊ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများပါလာခြင်း အထူသဖြင့်( E.coli) တို့ကြောင့်ဖြစ်သည်။ ထိုဘတ်တီးရီးယားပိုး E.coli သည် အဆိပ်ထုတ်ကာ အစာအိမ်နှင့်အူလမ်းကြောင်းကို တိုက်ခိုုက်သောကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်းဖြစ်သည်။ ထို့ကြောင့်ခရီးသွားလျှင်
- ကဖင်းဓာတ်ပါဝင်သောအစားအသောက်များ၊ရေခဲမုန့်များမစားသုံးပါနှင့်။
- လမ်းဘေးအစားအစာများမစားသုံးပါနှင့်။
- အသား၊ ငါးများ၊ ပင်လယ်စာများကို အစိမ်းစားခြင်း၊ မကျက်တကျက်စားခြင်း တို့ကိုရှောင်ပါ။
- အရွက်သုပ်များ၊အခွံံမနွှာသောအသီးများ (စပျစ်သီး၊ဘယ်ရီသီးများ) ကို ခရီးသွားနေစဉ်အတွင်း မစားသုံးပါနှင့်။
- ပူပူနွေးနွေးနှင့် ကျက်အောင် ချက်ပြုတ်ထားသော အစားအစာများကို စားသုံးပါ။
- ဘုံပိုင် ၊ရေတွင်းနှင့် စမ်းချောင်းမှရေကို မကျိုချက်ပဲသောက်သုံးခြင်းရှောင်ကြဉ်ပါ။
- မသန့်ရှင်းသောရေကို အသုံးပြုခြင်း၊ ရေကူးခြင်းတို့ကိုရှောင်ကြဉ်ပါ။
- ပန်းကန်၊ ဇွန်း၊ ခွက်တို့ကို သန့်သန့်ရှင်းရှင်းခြောက်ခြောက်သွေ့သွေ့ထားပါ။
- လက်ကို စင်ကြယ်အောင်ဆေးကြောပါ။
Writer : Dr Toe
Credit : Mayo clinics