အစာအိမ်ကျွံခြင်း
04-Jun-2020
Hiatus hernia အစာအိမ်ကျွံတဲ့သူတွေဟာ အများအားဖြင့်တော့
ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကတော့ gastroesophagus reflex
လို အစာချဉ့်ပြန်တတ်တဲ့ လက္ခဏာနဲ့ ဆက်စပ်တဲ့ ရင်ပူခြင်းကို ခံစားရပါတယ်။ ဒီရောဂါ လက္ခဏာနှစ်ခုဟာ
ဆက်စပ်မှုရှိပေမယ့်လည်း အစာချဉ့်ပြန်ဝေဒနာဖြစ်တိုင်း အစာအိမ် ကျွံခြင်း ရှိချင်မှရှိပါမယ်။
ထိုနည်းတူပဲ အစာအိမ်ကျွံတိုင်းလည်း အစာချဉ့်ပြန်ေဝဒနာ
ဖြစ်ချင်မှဖြစ်မှာပါ။ ရင်ပူရင်ကယ်ဖြစ်နေတဲ့ သူတွေမှာရင်ဘတ်အောင့်တတ်လို့ နှလုံးရောဂါကြောင့်
ရင်ဘတ်အောင့်ခြင်းနဲ့ ရောထွေးသွားနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ
သေချာလုပ်ပါမှ တိကျမှန်ကန်တဲ့ ရောဂါအမည်ကို တပ်နိုင်ပါမယ်။
ဘာကြောင့်အစာအိမ်ကျွံရပါသလဲ
အစာအိမ်ကျွံရဲ့ တိကျသေချာတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။
မွေးကတည်းက hiatal အပေါက်ကျယ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိတဲ့ အချိန်၊
အဝလွန်တဲ့သူတွေ၊ အသက် ၅၀ ကျော်သူတွေ၊ ချောင်းကြာရှည်ဆိုးတဲ့သူတွေ၊ ဝမ်းဗိုက်ညှစ်အားသုံးရလွန်းတဲ့
အခြေအနေတွေမှာ ဒီဝေဒနာရနိုင်တယ်လို့တော့ ယူဆလို့ရပါတယ်။
အစာအိမ်ကျွံနေကြောင်း ဘယ်လိုသိနိုင်သလဲ
ဘေရီယမ်ဓာတ်မှန်ရိုက်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့်
ရောဂါအခြေအနေကို သိရှိနိုင်ပါတယ်။
ဘယ်လိုကုသမလဲ
ဘယ်လိုရောဂါ လက္ခဏာမှ မပြတဲ့သူတွေမှာတော့ ထူးထူးခြားခြား
ကုသဖို့ မလိုပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေဖြစ်တဲ့ အစာချဉ့်ပြန်ခြင်း၊ ရင်ပူခြင်း၊
လေထခြင်းများ ဖြစ်လာခဲ့ရင်တော့ Aluminum Hydroxide Magnesium carbonate-Co Dried
Get, Dicyclomine Hydrochloride, Simethicone ပါဝင်တဲ့ဆေးဝါးတွေနဲ့ ရောဂါ လက္ခဏာသက်သာအောင်
ကုသလို့ရပါတယ်။ ဒါပေမယ့် အစာအိမ်ကျွံဘက်ကို ကျွံနေတဲ့ အစာအိမ်ဟာ အညှစ်ခံ၊ အညှပ်ခံရသလို
ဖြစ်တဲ့အခါမှာတော့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်လာပါလိမ့်မယ်။ အစာအိမ်သွေးကြောတွေကို
ညှစ်မိသလိုဖြစ်ပြီး သွေးကြောပိတ်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။
Credit : Dr.Marvel
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
