ဓာတ်မတည့်မှုအမျိုးမျိုးအတွက် သဘာဝဆေးမြီးတိုများ
08-Jun-2020
ဓာတ်မတည့်ခြင်းများအတွက် စန္ဒကူးအုံဆေး paste away
allergies
ဓာတ်မတည့်တဲ့ လက္ခဏာမျိုးတွေ ဖြစ်လာပြီဆိုရင် တိုင်းရင်းပရဆေးဆိုင်များမှာ
ရနိုင်တဲ့ စန္ဒကူးအမှုန့်ကို ဝယ်ယူပြီး အနာအုံဆေးအဖြစ် ပြုလုပ်ပါ။ သံပရာအရည် အနည်းငယ်ကို
စန္ဒကူးအမှုန့် တစ်ဇွန်းခန့်ရောနှောပြီး ပျစ်သွားအောင် သမပြီး မွှေပေးပါ။ ရလာတဲ့အနှ စ်ကို
ဓာတ်မတည့်လို့ ယားယံနေတဲ့ နေရာတွေမှာ အနာအုံဆေးအဖြစ် လိမ်းပြီး
အုံထား ပါ။ ဒီအုံဆေးဟာယားယံခြင်းကိုပါ လျော့ပါးသက်သာလာစေပါမယ်။ ၅မိနစ်၊ ၁၀ မိနစ် ခန့်အုံထားပြီးရင်
ရေနွေးနွေးနဲ့ ပြန်လည်ဆေးကြောပေးနိုင်ပါတယ်။
အုန်းဆီဆောင်ထားပါ Go coconuts
အုန်းဆီဟာအကောင်းဆုံး သဘာဝအစိုဓာတ် ပေးစွမ်းနိုင်တဲ့ အဆီတစ်မျိုးပါ။
ဒီအဆီကို သံပရာရည် အနည်းငယ်ရောစပ်ပြီး ဓာတ်မတည့်တဲ့ ဧရိယာမှာ လိမ်းပေးခြင်း အားဖြင့်
သက်သာပျောက်ကင်းစေပါတယ်။
ယားယံခြင်းများ သက်သာစေမယ့် သဘောၤသီး Rub away
itching with papaya
ဓာတ်မတည့်မှုများ ခံစားရတဲ့အခါမှာ ယားယံခြင်းပါ တစ်ပြိုင်နက်တည်း
ခံစား ရစေပါတယ်။ ဒီအခါမျိုးမှာ သင်္ဘောသီးဖျော်ရည် အနည်းငယ်နှင့်အတူ သင်္ဘောသီးစေ့ ကိုကြိတ်ခြေပြီး
ရေမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ယားယံတဲ့နေရာပေါ်မှာ အသာအယာ သက်သာလာတာကို ခံစားရစေမှာပါ။
သွေးအတွင်းဓာတ်မတည့်ခြင်းများအတွက်ချင်းမြစ် Steep
slice of ginger root
တစ်စုံတစ်ရာကို ရှူရှိုက်မိတဲ့အခါ၊ စားမိတဲ့အခါ၊ ထိတွေ့မိတဲ့အခါမှာ
သွေးတွင်းဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအခါမျိုး
ဂျင်းမြစ်ဟာ ဆေးစွမ်းကောင်းတစ်လက်အဖြစ် ယုံကြည်စွာ သုံးစွဲသင့်ပါတယ်။ လတ်ဆတ်တဲ့ဂျင်းကို
အခွံနွှာပြီး အလွှာလိုက်ဖြတ်ပြီး စားပေးနိုင်သလို၊ လှီးဖြတ်ထားတဲ့ချင်းဖတ်တွေကို ရေနွေးပူပူထဲမှာ
နှပ်ပြီးသောက်နိုင်ပါတယ်။ အရသာ ပိုရှိအောင်ပျားရည် ဒါမှမဟုတ် သံပုရာရည်ထည့်ပြီး သုံးစွဲပါ။
အစွမ်းထက်တဲ့ ပျားရည်စစ်စစ် A spoonful of honey
လူတချို့တွေမှာ အချို့သော အစားအစာ၊ ပန်းဝတ်မှုန်၊ သားမွေး၊
ဖုန်မှုန့် စတဲ့ အရာတွေကိုစားမိ၊ ထိမိ၊ ရှူမိရုံနဲ့ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ သွေးမတည့်တဲ့
တုံ့ပြန်မှုဖြစ်တတ်တဲ့ အခြေအနေတွေပါ။ ဒီအချိန်မျိုးမှာ ပျားရည်စစ်စစ်တစ်ဇွန်း
မောက်မောက်စားပေးနိုင်ပါတယ်။
ပန်းဝတ်မှုန်များကြောင့် ဓာတ်မတည့်မှုကို တိုက်ဖျက်မည့်
ပူဒီနာ Combat hayfever with peppermint
ပူဒီနာဟာ ပန်းဝတ်မှုန်များကြောင့် ဖြစ်တတ်တဲ့ ဖျားနာခြင်း၊
နှာစေးခြင်းနဲ့ မျက်ရည်ယိုခြင်းများအတွက် အထူးသင့်တော်ပါတယ်။ ဒီလက္ခဏာတွေ
ပျောက်ကင်းသက်သာအောင် မနက်နဲ့ ညတွေမှာ လတ်ဆတ်ပြင်းရှတဲ့
ပူဒီနာရေနွေးကြမ်း တစ်ခွက်သောက်ပေးပါ။ ပူဒီနာရဲ့အစွမ်းထက်တဲ့ အခြားဝိသေသ ကတော့ အနာမန်းဝင်၍
ရောင်ရမ်းခြင်းများနဲ့ ဘက်တီးရိးယား ပိုးမွှားများကိုပါ ခြေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။
Credit : နန်းအိမ့်ခမ်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
