အမျိုးသားတွေ ဆံပင်သန်ဖို့ စားသင့်တဲ့ ဗီတာမင်များ
11-Jun-2020အမျိုးသမီးတွေလို ဆံပင်အလှအ ပအတွက် သီးသန့်မဟုတ်ပေမယ့်
ဆံပင်ညှပ်တာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ်၊ ဆံပင်နည်းလို့၊ ပါးလို့ပဲ ဖြစ်ဖြစ် ဆံပင်မကောင်းသူတွေ
အတွက် ဓာတုဆေးဝါးတွေ မသုံး ဘဲ ဘေးထွက်ဆိုးကျိုးကင်းကင်း နဲ့ ဆံပင်သန်စွမ်းစေဖို့ လုပ်သင့်
တာလေးတွေကို မျှဝေပေးချင်ပါတယ်။
ဆံပင်နည်းတဲ့ ပြဿနာကို သဘာ၀ အာဟာရ ဓာတ်တွေ၊ ဗီတာမင်၊ သတ္တုဓာတ်တွေ စားပေး ခြင်းက အကောင်းဆုံးဖြေရှင်းနည်းပဲ
ဖြစ်ပါတယ်။ ဗီတာမင်ဘီ ၇
-ဘိုင်အို တင်လို့လည်း လူသိများတဲ့ ဗီတာ မင်ဘီ ၇ ဟာ ဆံပင်နဲ့
ဦးရေပြား ကျန်းမာရေးအတွက် ထောက်ကူ ပေးပါတယ်။ ဆံပင်တင်မကဘူး။ အရေပြားနဲ့ လက်သည်း၊ ခြေ
သည်းတွေ ကျန်းမာဖို့အတွက်ပါ အကျိုးပြုပါတယ်။ ဗီတာမင် ဘီ ၇ ကို ဖြည့်စွက်စားပေးမယ်ဆိုရင်
ဆံပင်ရှည်နှုန်းမြန်စေသလို ထူထဲ သန်စွမ်းစေပါတယ်။
ဗီတာမင်အေ - ဆံသားတွေ သန်စွမ်းတောက်ပြောင်အောင် ထောက်ကူးပေးသလို
ဦးရေပြား ခြောက်သွေ့ခြင်း ကင်းစေပါ တယ်။
ဗီတာမင်ဘီ- ဗီတာမင်ဘီ ၁၊ ၂၊ ၃၊ ၅၊ ၆ နဲ့ ၁၂ ဟာ ဆံပင်ကျွတ်
သူ၊ ဆံပင်ပါးသူနဲ့ ထိပ်ပြောင်သူ တွေ စားပေးသင့်ပါတယ်။
ဗီတာမင်စီ-ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်စီဟာ
ဆံပင်၊ အရေပြား၊ လက်သည်း၊ ခြေသည်းတွေသာမက ကိုယ်ခံ စွမ်းအားအတွက်ပါ အကျိုးပြုပါ တယ်။
ဗီတာမင်အီး - ဆံပင်မွေးညင်း ပေါက်နဲ့ ဦးရေပြားတစ်ဝိုက်သွေး
လည်ပတ်မှု
ကောင်းစေပြီး ဆံသားကျန်းမာစေပါတယ်။ ဒါ့အပြင် ဇင့်၊ အိုမီဂါ
၃ ဖက်တီးအက်စစ်၊ အမိုင်နိုအက်စစ်၊ သံဓာတ်၊ အိုင် အိုဒင်းစတဲ့အား ဖြည့်ဓာတ်စာ တွေလည်း
စားပေးနိုင်
ပါတယ်။ ဗီတာမင် ဆေးဝါးတွေသာမက နေ့စဉ် စားသောက်ရာမှာလည်း
ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ဥအမျိုးမျိုး၊ သစ်စေ့များ၊
ခရမ်း ချဉ်သီး၊ စတော်ဘယ်ရီ၊ ထော ပတ်သီးစတာတွေ မျှတအောင် စားပေးနိုင်ပါတယ်။
Credit : wellnessbin
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။