သန်ကောင်အကြောင်းသိကောင်းစရာ
14-Jun-2020သန်လုံးကောင်
သန်လုံးကောင်တွင် အထီး၊ အမ ရှိပြီး ပုံသဏ္ဍာန်နှင့် အရွယ်အစားအနေမှာ
တီကောင်အလတ်စားလောက် ရှိကြပေသည်။ အထီးနှင့်အမ ရှိသည့်အနက်
အမမှာ
အထီးထက် အရွယ်ပို၍ ကြီးတတ်ပေသည်။ ထိုဥများသည် ဝမ်းတွင်းမှ
မစင်နှင့်အတူရော၍ အပြင်သို့ ရောက်ကြရလေသည်။ အပြင်ရောက်လျှင် မြေကြီးခြောက်သွေ့သည်အထိ
ရှင်သန်နိုင်ပေသည်။ သန်ကောင်ဥများရှိနေသည့် မြေပြင်ပေါ်တွင်
ကလေးသဘာဝ
ကစားရင်း လက်ထောက်မိသည်ဖြစ်စေ၊ မြေကြီးကို ကိုင်ကစားမိသည်ဖြစ်စေ
လက်သည်းကြားတွင် ကပ်၍ ပါသွားနိုင်ကြပေတော့သည်။
အစားအစာ စားသည့်အခါ လက်စင်အောင် မဆေးမိလျှင် သော်လည်းကောင်း၊
လက်သည်း ကိုက်တတ်သည့် ကလေးဖြစ်လျှင် သော်လည်းကောင်း ၎င်းသန်ကောင်ဥလေးများသည်
ဝမ်းတွင်းသို့ ပါသွားနိုင်လေတော့သည်။ အစာအိမ် အူတွင်းသို့ရောက်လျှင်
အစာကြေစေသော အူတွင်းမှ အရည်များကြောင့် ဥနှင့်အခွံများ
ပျက်စီးသွားပြီး
သန်လုံးကောင် ပေါက်စလေးတို့သည် အူတွင်းရှိ သွေးကြောများတွင်းသို့
ပါသွားကြ
ပါလေတော့သည်။ အဆုတ်တွင်း၌ ထိုသန်လုံးကောင် ပေါက်စတို့သည်ပို၍
ကြီးထွား
လာကြပြီး အဆုတ်တွင်း လေပြွန်များမှတစ်ဆင့် လည်ချောင်းသို့
ပြန်ဆန်တက်ကာ မျိုချလိုက့်အခါ အူတွင်းသို့ ပြန်ရောက်လာကြရပြန်သည်။ အူတွင်းသို့ ပြန်ရောက်သည့်အခါ
သန်လုံးကောင်ကြီးဘဝသို့ ပီပီပြင်ပြင် ရောက်ရှိသွားပြီ
ဖြစ်လေတော့သည်။
ကလေးများတွင် ပျို့အန်သည့်အခါ သန်လုံးကောင်ပါလာနိုင်ကြသလို
ဝမ်းသွားသည့်အခါတွင်လည်း ပါသွားနိုင်ကြပြန်ပေသည်။ ရောဂါ၏လက္ခဏာများအနေနှင့် အကောင်
အရေအတွက်အပေါ် မူတည်၍ ဖြစ်ပေါ်နိုင်ပေသည်။ အရေအတွက်များလွန်းသော
ကလေးများတွင် ကလေး၏ အစာအာဟာရကို ထိုသန်လုံးကောင်များက စားသုံးနေကြသဖြင့်
ကလေးမှာ အသားမဖြစ်ဘဲ အာဟာရချို့တဲ့ကာ ပိန်ချုံးပြီး “ဗိုက်ပူနံကား”
ကလေးများ
ဖြစ်နိုင်ကြပေသည်။ အူတွင်း ပိတ်ဆို့မှုများလည်း ရုတ်တရက်
ချက်ချင်း ဖြစ်ပေါ်လာနိုင်
ကြပြန်သည်။ ထိုသို့ဖြစ်လျှင် ကလေးသည် ဗိုက်နာ၍ အော်ဟစ်နေရာမှ
ရံဖန်ရံခါ အန်လာပေမည်။ အန်သည့်အခါ သန်လုံးကောင်များ ပါကောင်းပါမည်။ လုံးဝဝမ်းမသွားဘဲ
ပိတ်နေတတ်သည်။ ထို့နောက် ဝမ်းဗိုက် ဖောင်းလာသည်အထိ မခံနိုင်အောင် နာကျင်
လာပေမည်။ အန်သည်မှာလည်း ပို၍ အကြိမ်ရေ စိပ်လာနိုင်မည်။
ထိုသို့ လက္ခဏာများ ပေါ်လာလျှင် ဆေးရုံသို့ အမြန်ဆုံးသွားရန် လိုပေမည်။ သို့မှသာ ပိတ်ဆို့နေသည့်
သန်လုံးကောင်များကို ဗိုက်ခွဲထုတ်သင့်က ထုတ်ကြရမည်ဖြစ်သည်။
ဤသို့ဖြစ်ရခြင်းမှာ
ဝမ်းကောင်းကောင်း မသွားသည့် ကလေးများကို သန်ချဆေး ကျွေးမိခြင်းကြောင့်လည်း
ဖြစ်နိုင်သည်ကို သတိပြုသင့်ပေသည်။
ရံဖန်ရံခါတွင်မူ အသားအဝါရောင်သမ်းလာပြီး ဝမ်းဗိုက်၏ညာဘက်
သည်းခြေ
အိတ်နေရာတွင် ဖောင်းရောင်သကဲ့သို့ ရှိလာသည်။ ဗိုက်လည်း
အဆက်မပြတ် နာနိုင်သလို အန်လည်းအန်လာနိုင်ပါသည်။ အချို့ကလေးများတွင်မူ တစ်ကိုယ်လုံးအနီကွက်
အပိန့်များထွက်ကာ ယားယံတတ်လာကြပေသည်။ သန်လုံးကောင်ပေါက်စများ အဆုတ်တွင်းသို
့ သွေးကြောမှ ရောက်သည့်အချိန်တွင် ကလေးသည်။ ချောင်းဆိုး၍
ရင်ကျပ်သည့်ဝေဒနာအနေနှင့် လည်းကောင်း၊ အဆုတ်ပွ အဆုတ်ရောင်ရောဂါ အနေနှင့်လည်းကောင်း
ဖြစ်
တတ်ကြပြန်ပါသည်။ သန်လုံးကောင်ရောဂါကို ကုသရန် လွယ်ကူပါသည်။
မစင်ကို လူကြီးများသာမက ကလေးများကိုပါ အိမ်သာတွင် စနစ်တကျ
စွန့်စေခြင်း၊ အိမ်သာတက်ပြီး လက်သေချာစွာဆေးကြောခြင်း၊ အစာစားခါနီး ထပ်၍ဆေးစေခြင်း၊
လက်သည်းများ တိုတိုနှင့် သန့်ရှင်းအောင်ထားခြင်း အစရှိသည့်
ပတ်ဝန်းကျင်
သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အသိပညာများကို
နားလည်သဘောပေါက်ပြီး တိတိကျကျ လိုက်နာပါလျှင် သန်လုံးကောင်ရောဂါကို ထိရောက်စွာ ကာကွယ်သွားနိုင်မှာ
ဖြစ်ပါသည်။ သို့မဟုတ်ပါက ဆေးကျွေး၍ ကုသသော်လည်း အမြစ်မပြတ်ဘဲ ပြန်ပြန်ဖြစ်နေနိုင်
သည်ကို သတိပြုရမည်။
Credit : ဒေါက်တာခင်မျိုးဟန်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။