Print

HIV (+) ဖြစ်နေသူများအတွက် အကြံပြုချက်

  23-Jun-2020
Preview Image

၁။ HIV ပိုး ထပ်မံကူးစက်ခြင်း မခံရအောင် ရှောင်ကြဉ်ပါ။ (လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။)

၂။ တခြားကူးစက်ရောဂါများ ကူးစက်မခံရအောင် ရှောင်ကြဉ်ပါ။

၃။ အာဟာရပြည့်အောင် စားသုံးပါ။ အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များ အချိုးကျ ပါဝင်ပါစေ။ သန့်ရှင်းလတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို တတ်နိုင်သလောက် စားပါ။

၄။ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ပါ။

၅။ အိပ်ရေးဝအောင်အိပ်ပါ။

၆။ သင့်တင့်မျှတသော အားကစားလေ့ကျင့်မှုကို ပုံမှန်ပြုလုပ်ပါ။ မိမိစိတ်ကို ပျော်ရွှင် ချမ်းမြေ့စေသော အားကစားမျိုး ဖြစ်ပါစေ။ လွန်လွန်ကဲကဲလေ့ကျင့်ခန်း ပြုလုပ်ခြင်း များ ရှောင်ကြဉ်ပါ။

၇။ အလုပ်ပင်ပင်ပန်းပန်း လုပ်ရခြင်းကို ရှောင်ကြဉ်ပါ။

၈။ အပြုသဘောဆောင်သည့် စိတ်ဓာတ်ကိုမွေး၍ အရာရာကို အကောင်းဘက်မှ အမြဲကြည့်တတ်ပါစေ။

၉။ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကများခြင်းတို့ကို တတ်နိုင်သလောက် လျှော့ချပါ။

၁၀။ စိတ်တည်ငြိမ်မှုရစေရန် တရားထိုင်ပါ။

၁၁။ စိတ်ချမ်းသာမှုကို ဖြစ်စေသည့် ဂီတ၊ သီချင်းနားထောင်ခြင်း၊ တီးမှုတ်ခြင်းတို့ ကို ပြုလုပ်၍ စိတ်အပန်းဖြေပါ။

၁၂။ မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ကျန်းမာရေးကောင်းမွန်လာစေရေး အတွက် လေးနက်စွာ ဆုတောင်းယူပါ။

၁၃။ မိသားစု၊ သူငယ်ချင်းများနှင့် ပုံမှန်တွေ့ဆုံ ပေါင်းသင်းပါ။

၁၄။ ဆရာဝန်နဲ့ ပုံမှန်စမ်းသပ်မှုကို ခံယူ၍ ညွှန်ကြားချက်အတိုင်း လိုက်နာကျင့်သုံးပါ။

၁၅။ ဆေးကုသမှု ခံယူခဲ့လျှင် မိမိအား ကုသပေးမည့် ဆရာဝန်အား မိမိ၌ HIV ပိုး ကူးစက်ခံထားရကြောင်း အသိပေးပါ။

၁၆။ မိမိကိုယ်တွင်းမှ HIV ပိုး အခြားသူများသို့ မကူးစက်စေရန် -
(က) လိင်ဆက်ဆံတိုင်းကွန်ဒုံးသုံးပါ။
(ခ) သွေး၊ သုက်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကျောက်ကပ်၊ မျက်ကြည်လွှာ၊ လှူဒါန်းခြင်း မပြုလုပ်ပါနှင့်။
(ဂ) ဆေးထိုးအပ်များကို သူများနှင့် ခွဲဝေမသုံးစွဲပါနှင့်၊ တစ်ခါသုံးအပ်ကိုသာ အသုံးပြုပါ။
(ဃ) သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ကိရိယာများကိုလည်း တခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုပါနှင့်။

၁၇။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပါ။ ဝမ်းလျှောဝမ်းပျက်ရောဂါများ မရစေရန် အစားမစားမီ လက်ကို စင်ကြယ်စွာ ဆေးကြောပါ။ အိမ်သာတက်ပြီး မြေကြီး အညစ်အကြေးများနှင့် ထိတွေ့ပြီး လျှင်လက်ကို စင်ကြယ်စွာ ဆေးကြောပါ။

၁၈။ မသန့်ရှင်းသောရေများကို မသောက်သုံးသင့်ပါ။ ချောင်းရေ၊ မြစ်ရေ၊ ကန်ရေများကို မကျိုချက်ဘဲ မသောက်သုံးသင့်ပါ။

၁၉။ အသားစိမ်း၊ ငါးစိမ်း၊ ကြက်ဥ၊ ဘဲဥအစိမ်းများကို မစားသုံးသင့်ပါ။

၂၀။ အရေပြားတွင် သွေးထွက်သော ထိခိုက်ဒဏ်ရာရှိပါက ပလာစတာဖြင့် ကပ်ခြင်း၊ ပတ်တီးစီးခြင်းများ ပြုလုပ်၍ ဖုံးအုပ်ထားသင့်ပါသည်။

၂၁။ နှာစေး၊ ချောင်းဆိုးနေသူများ၊ အရေပြားတွင် အနာဖြစ်နေသူများနှင့် ခပ်ဝေးဝေးနေသင့်ပါတယ်။

၂၂။ မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံ၊ လက်သည်းညှပ်၊ နားကွင်းတို့ကို သူများနှင့် ခွဲဝေမသုံးသင့်ပါ။

“ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့် ဆေးဝါးများ ” စာအုပ်မှာကောက်နုတ်ထားပါသည်။

Credit : ဒေါက်တာအောင်စန်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18