Print

ကော်ဖီသောက်ခြင်းကို ရပ်လိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနို...

  27-Jun-2020
Preview Image

ဖြစ်လာခဲ့မှာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ?

          ကော်ဖီအမြဲသောက်လေ့ရှိကြတဲ့ လူတွေဟာ မနက်စောမှာ ကော်ဖီမသောက်ပဲနေရမှာ အရမ်းခက်ခဲကြပါတယ်။ ကော်ဖီလုံးဝမသောက်လိုက်ရဘူးဆိုရင် လုံးဝ ပြိုလဲကျသွားမလို ခံစားရတတ်ကြပါတယ်။ ဒါကြောင့်ကော်ဖီဖြတ်လိုက်ကြသူတွေမှာ ခန္ဓာကိုယ်တွင်ပြောင်းလဲမှုတွေဖြစ်လာတာကို တင်ပြလိုက်ရပါတယ်။

 

၁။ ခန္ဓာကိုယ်အလေးချိန်ပြောင်းလာခြင်း

          ကော်ဖီသောက်နေကျ သူများ ကော်ဖီဖြတ်လိုက်ပြီဆိုရင် မမျှော်လင့်နိုင်လောက်တဲ့ ကိုယ်အလေးချိန် ပြောင်းလဲမှုကို တွေ့ရနိုင်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကတ်ဖင်းဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးပါတယ်။  တနည်းအားဖြင့်ပြောရရင် ကယ်လိုရီလောင်ကျွမ်းမှုကို အားကောင်းစေပါတယ်။ ဒါကြောင့် ကော်ဖီသောက်တာကို ရပ်လိုက်မယ်ဆိုရင် ကိုယ်လေးချိန်တက်လာပါလိမ့်မယ်။

 

၂။ အာရုံစူးစိုက်မှု အားနည်းလာခြင်း

          ကော်ဖီသောက်ခြင်းဟာ လူကို တက်ကြွစေပါတယ်။ ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို လှုံဆော်ပေးပါတယ်။ သွေးဖိအားကိုမြင့်တက်စေပါတယ်။ ဒါကြောင့် ကော်ဖီသောက်တာကို ရပ်လိုက်မယ်ဆိုရင် အာရုံစူးစိုက်နိုင်စွမ်းတွေ ကျဆင်းလာနိုင်ပါတယ်။

 

၃။ လက်တုန်ခြင်းကို ခံစားရနိုင်ခြင်း

          ဒါကတော့ ဆိုးရွားတဲ့ အတွေ့အကြုံဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့မဟုတ်ပါဘူး။ ဦးနှောက်ကို လှုံ့ဆော်မှုရုတ်တရက်ဖြတ်လိုက်သလိုဖြစ်သွားတဲ့အတွက် ခံစားရတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကြာရှည်ခံစားရမယ့် လက္ခဏာမျိုးမဟုတ်ပါ။

 

၄။ စိတ်လှုပ်ရှားခြင်း

          သင်ကိုယ်တိုင်က စိတ်ဆတ်တတ်တဲ့သူတစ်ယောက်မဟုတ်ဘူးဆိုရင်တောင်မှ ကော်ဖီဖြတ်လိုက်မယ်ဆိုရင် အလိုလိုစိတ်တိုနေတာမျိုးတွေ ခံစားရတတ်ပါတယ်။

 

၅။ မကြာခဏခေါင်းကိုက်ခြင်း

          ရုတ်တရက် ကဖင်းပမာဏပြတ်လပ်သွားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်မျိုးဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို မကြာခဏခံစားနေရနိုင်ပါတယ်။ ဦးနှောက်ကို သွေးထောက်ပံ့မှု သွေးစီးဆင်းမှုကောင်းစေတဲ့ အာနိသင်နည်းသွားတဲ့အတွက်ကြောင့်ပါ။

 

၆။ အားမရှိသလိုခံစားရခြင်း

          ကော်ဖီကို စွဲလမ်းစေတဲ့ အဓိကအကြောင်းပြချက်ကတော့ ကော်ဖီဟာ အားအင်နှိုးဆွပေးနိုင်တဲ့ အာနိသင်ရှိခြင်းကြောင့်ပါပဲ။ ဒါကြောင့် ကော်ဖီဖြတ်လိုက်တဲ့အခါမှာ အားအင်များကုန်ဆုံးသွားသလို ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရနိုင်ပါတယ်။

 

ဒီလိုဆိုးရွားတဲ့လက္ခဏာတွေမခံစားရအောင် ကော်ဖီကို ဘယ်လိုဖြတ်မလဲ?

၁။ ရက်သတ္တပတ် ၃ပတ်အတွင်းမှာ မိမိသောက်နေကျ ပမာဏထက် တစ်ပတ်ကို တစ်ဝက်စီ လျှော့လျှော့သောက်ပြီးမှ ဖြတ်ပါ။

၂။ ရေများများသောက်ပါ။ လက်ဘက်ရည်( ရေနွေးကြမ်း) သောက်ပေးပါ။

၃။လေ့ကျင့်ခန်းလုပ်ပေးပါ။ ကိုယ်စိတ်နှလုံး ပြည့်ပြည့်ဝဝ အနားယူပေးပါ။

၄။အရည်ရွှမ်းသောအသီး၊ အမျှင်ဓာတ်များသော အသီးအရွက်များများစားပေးပါ။

 

Reference- Brightside

Dr. Lwin Moe Kyaw



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18