Print

နားစည်ကွဲခြင်း (Ruptured ear drum)

  12-Jun-2017
Preview Image


နားစည်ကွဲခြင်းဆိုသည်မှာ နားအပြင်ခန်းနှင့် နားအလယ်ခန်းကိုခြားထားသည့် အမြှေးပါး (Tympanic membrane)ကွဲထွက်ခြင်းဖြစ်သည်။နားစည်ကွဲပါက နားပင်းနိုင်ပါတယ်။ နားအလယ်ခန်းကို ရောဂါပိုးမွွှားများ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။တော်တော်များများသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ကုသမှုမယူဘဲပြန်ကောင်းနိုင်ပါတယ်။တစ်ခါတစ်ရံ ခွဲစိ်တ်ကုသရခြင်းမျိုးရှိတတ်သည်။နားစည်ကွဲပါက အောက်ပါလက္ခဏာများပေါ်နိုင်ပါတယ်။

-နားကိုက်ခြင်း

-ပြည် သို ့မဟုတ် သွေးနှင့်ပြည်ရောနေသော အရည်များထွက်ခြင်း

-နားအူခြင်း

-ချာချာလည်အောင်မူးခြင်း

-အကြားအာရုံဆုံးရှုံးခြင်း

-နားအူခြင်း

-ချာချာလည်အောင်မူးခြင်း၊ ပျို ့အန်ခြင်း

အထက်ပါလက္ခဏာများပေါ်လာပါက နီးစပ်ရာဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသသင့်ပါတယ်။


ဖြစ်ပွားစေနိုင်တဲ့အကြောင်းအရင်းတွေက 

၁။နားအလယ်ခန်းပိုးဝင်ခြင်း(Middle ear infection-Otitis media)- နားအလယ်ခန်းပိုးဝင်ပါက အရည်များစုလာပြီး ထိုအရည်များဖိအားကြောင့် နားစည်ကွဲခြင်းကို ဖြစ်စေပါတယ်။


၂။လေဖိအားဒဏ်သင့်ခြင်း (Barotrauma)- နားအလယ်ခန်းအတွင်းရှိလေဖိအားနှင့် ပြင်ပပတ်ဝန်းကျင်ရှိလေဖိအားမညီမျှသော အခါတွင်လည်း နားစည်ကွဲနိုင်ပါတယ်။Barotrauma အဓိကဖြစ်ရသည့်အကြောင်းရင်းမှာ လေယာဉ်ဖြင့် ခရီးသွားခြင်းဖြစ်သည်။ရေငုပ်ခြင်း၊ နားကိုတိုက်ရိုက်ထိခိုက်ဒဏ်ရာရသောအခါများတွင်လည်းဖြစ်နိုင်ပါတယ်။


၃။ဆူညံပေါက်ကွဲသံများကြောင့်အကြားအာရုံပျက်စီးခြင်း (Acoustic trauma)- ဥပမာ-နားအနီးမှကပ်၍ သေနတ်ပစ်ဖောက်ခြင်းကြောင့်ဖြစ်နိုင်သည်။


၄။နားအတွင်းသို ့ ဝါးဂွမ်းစ၊ ဆံညှပ်ကလစ်များနှင့် နားဖာကလော်သည့် အခါများတွင်လည်း နားစည်ကွဲနိုင်ပါတယ်။


၅။ခေါင်းထိခိုက်ဒဏ်ရာရခြင်း- ခေါင်းပိုင်းအပြင်းအထန်ဒဏ်ရာရပြီး ဦးခေါင်းခွံရိုးကွဲသွားပါက အလယ်နှင့် အတွင်းနားအတွင်းရှိ အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပါတယ်။


နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့်

.အကြားအာရုံထိခိုက်ခြင်း

.အလယ်နားပိုးဝင်ခြင်း - မကုသပါက နားအတွင်းနာတာရှည် ပိုးဝင်ခြင်းဖြစ်ပြီး အကြားအာရုံ တစ်သက်လုံးဆုံးရှုံးနိုင်ပါတယ်။

.အလယ်နားအရည်အိတ်တည်ခြင်း - အလယ်နားအတွင်းရှိ အရိုးများကိုပါထိခိုက်စေပါတယ်။


ကုသခြင်း

နားစည်ကွဲခြင်းတော်တော်များများသည် ကုသစရာမလိုဘဲ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ကောင်းနိုင်ပါတယ်။ ပိုးဝင်သည့် လက္ခဏာများရှိပါက နားအတွင်းသို ့ ပဋိဇီဝပိုးသတ်ဆေးအစက်ချခြင်းများပြုလုပ်ရနိုင်ပါတယ်။ အကယ်၍ အလိုအလျောက်ပြန်ကောင်းခြင်းမရိိှပါက အောက်ပါကုသနည်းလမ်းများကို အသုံးပြုမည်ဖြစ်ပါသည်။

.Eardrum patch - နားစည်ဖာခြင်း

.Surgery - ခွဲစိတ်ကုသခြင်း

သူ ့အလိုအလျောက်ပြန်ကောင်းအောင်စောင့်နေသော ရက်တောအတွင်းတွင် နားကိုခြောက်သွေ ့အောင်ထားပါ။နားဖားကလော်တံများဖြင့် နားသန် ့ရှင်းရေးလုပ်ခြင်းကို ရှောင်ပါ။ဆူညံကျယ်လောင်သော အသံများကို တတ်နိုင်သလောက်ရှောင်ပါ။


ကာကွယ်ခြင်း

-နားအတွင်းပိုးဝင်ပါကစောလျင်စွာကုပါ။နားကိုက်ခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်း၊ နားလေးခြင်းများရှိလျှင် အလယ်နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။

-အအေးမိခြင်း၊ ဓာတ်မတည့်ခြင်းဖြစ်သည့် လက္ခဏာများရှိနေပါက ဖြစ်နိုင်လျှက်လေယာဉ်မစီးပါနှင့်။ လေယာဉ်စထွက်ချိ်န်နှင့် ဆင်းသက်ခါနီးအချိ်န်များတွင် နားကိုဂွမ်းစို ့ထားခြင်း၊ ပီကေဝါးခြင်း၊ သန်းဝေခြင်းများပြုလုပ်ပေးပါ။

-နားဖာချေးကို ဝါဂွမ်းစ၊ ဆံညှပ်၊ နားဖာကလော်တံစသည့်တို ့ဖြင့် မပြုလုပ်ပါနှင့်။အရမ်းဆူညံသည့်နေရာများတွင် အလုပ်လုပ်ရပါက နားကိုဝါဂွမ်းစဖြင့် စို ့ထားပါ။


Dr.Moon (7887 Healthcare Call Center)

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18