အုန်းရည်၏ ကျန်းမာရေး ကောင်းကျိုးများ။
11-Jul-2020
တစ်ချိန်တုန်းက အုန်းရေကို Universal donor အနေနဲ့
အသုံးပြု ပါတယ်။ ဘယ်လို သွေးအမျိုးအစား ကိုမဆို အရေးပေါ်လိုအပ်ရင် အုန်းရေကို ထည့်ခဲ့
ကြပါတယ်။
အထူးသဖြင့် ပိစိဖိတ်စစ်ကာလအတွင်းက စစ်သားပေါင်း ထောင်သောင်းချီ
ကို အုန်းရည်နဲ့ ကယ်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့အထိလည်း သွေးမရနိုင်တဲ့ အရေးပေါ်အခြေအနေမှာ
အုန်းရည်ကို အသုံးပြုနေမှု ရှိနေပါသေးတယ်။ သူ့ကို အရေးပေါ် plasma transfusion မှာ အသုံးပြု
ပါတယ်။
အုန်းရည်မှာ နို့ထက် အာဟာရဓာတ် ပိုမို များပြားစွာ ပါဝင်ပါတယ်။
သူ့မှာ သဘာဝ သကြားဓာတ်၊ ဆားဓာတ်၊ ဗီတာမင်ဓာတ်များ ပါဝင်ပြီး ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေပါတယ်။
ကမ္ဘာ့ အကောင်းဆုံး အားဖြည့် အချိုရည်အဖြစ်တောင် လက်ခံထားကြပါတယ်။ ဘာလို့လဲဆို သူ့မှာ
သာမန် Energy Drink တွေထက် ပိုတက်စီယမ်ဓာတ် ပိုမို ပါဝင်နေလို့ ဖြစ်ပါတယ်။ ကလိုရိုက်ဓာတ်လည်း
၁၁၈ ဂရမ် ပါဝင်ပါတယ်။ သဘာဝ သကြားဓာတ်က ၅ မီလီဂရမ်ပါ။ ပြီးတော့ သာမန် အားဖြည့် အချိုရည်
တွေထက် ဆိုဒီယမ်ဓာတ် သဘာဝအလျောက် လျော့ချ ထားပေးပြီးသား ဖြစ်ပါတယ်။
အခြားသော ကျန်းမာရေး ကောင်းကျိုးများစွာလည်း ရှိနေ ပါသေးတယ်။
ဒီတော့ အလိုအလျောက် ဖော်စပ်ထားတဲ့ ဆေးလိုဖြစ်နေတဲ့ အုန်းရည်ဟာ ယနေ့တိုင် ကျန်းမာရေးအတွက်
အသင့်လျော်ဆုံး အားဖြည့်အချိုရည် တစ်မျိုး အဖြစ် သတ်မှတ်ထားကြကြောင်း သိရပါတယ်။
Credit : မျိုးထက်စံ(Focus Youth E-magazine)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
