သွေးတိုးသမားများ ပြေးခြင်း ၊ခုန်ပေါက်ကစားခြင်း သိသင့်သည်များ
13-Jul-2020
ပြေးခြင်း၊ ခုန်ပေါက်ကစားခြင်းသည် အေရိုးဗစ် လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည်။
ကျန်းမာရေးအတွက် အကျိုးရှိသကဲ့သို့ ဆင်ခြင်စရာများလည်းရှိသည်။ ပြေးခြင်းသည် ဒူး၊ခြေချင်းဝတ်စသည့်
အဆစ်အမြစ်များကို ဒဏ်ရာရစေသည်။ ရက်ပိုင်းအတွင်း မသိသော်လည်း လချီ၊နှစ်ချီလာသည်နှင့်
ဒူးနာ၊ခြေချင်းဝတ်နာ ဖြစ်လာတတ်သည်။ အထူးသဖြင့် ယခင်က လှုပ်ရှားမူနည်းပြီး
အသက်အရွယ်ရလာမှ စပြီးပြေးကြသူများတွင် ပိုဆိုးသည်။
ပြေးခြင်းသည် သွေးပေါင်ချိန်အနည်း ငယ်တတ်စေသည်။ သွေးပေါင်ချိန်
အတော် အသင့် တတ်နေသူ၊ အလွန်အကျွံ မြင့်နေသူများတွင် မသင့်တော်ပါ။ (၄၀) ကျော် သွေးတိုး
လူနာများပြေးမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
ပန်းခြံနှင့်မနီးသဖြင့် လမ်းဘေးတွင် ပြေးသူများအတွက် ပလတ်ဖောင်းသည်ပြေးရန်
မသင့်တော်သော နေရာဖြစ်ပါသည်။ ဒူး၊ခြေချင်းဝတ် တို့ကို ဒဏ်ရာပိုရစေသောနေ ရာ ဖြစ်သည့်အပြင်
ကားအိတ်ဇော မှ ဓာတ်ငွေ့များ၏ အနံ့ကလည်း ဒုက္ခပေးမည်ဖြစ်သည်။
သို့သော် ပြေးသည်မှနှစ်သက်သော သွေးတိုးလူနာများ စပြေးမည်ဆိုပါက
တစ်နေ့ (၁၀) မိနစ်ခန့်နှင့် စသင့်သည်။ တဖြည်းဖြည်းနှင့် တိုးပြေးရန်ဖြစ်ပြီး တစ်နေ့
မိနစ်(၃၀)ခန့် သည်လုံလောက်ပါသည်။ တစ်နေ့တစ်မိုင်ထက် ပိုပြေးခြင်းသည် အကျိုးမရှိဟု ဆိုသည်။
Credit : Microlife Myanmar
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
