ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းအတွက် အလွယ်ကူဆုံးဖြေရှင်းနိုင်သော အိမ်တွင်းနည်း...
10-Jul-2020(၁) ရှောက်သီးနှင့် ချင်း
ရှောက်ရည် ထမင်းစားဇွန်း
နှစ်ဇွန်းကို ချင်းရည် လက်ဖက်စားဇွန်း နှစ်ဇွန်းကို ဖန်ခွက်ထဲ ရောထည့်ပြီး ခပ်နွေးနွေးရေကို
ဖန်ခွက်ပြည့်တဲ့အထိ ဖြည့်ပါ။ ပျားရည်အနည်းငယ်ရောထည့်ပြီး ထမင်းစားပြီးချိန် သောက်ပေးပါ။
(၂) ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာ
အကျိုးပြုဘက်တီးရီးယားတွေ များစွာပါဝင်လို့ ဝမ်းဗိုက်မအီမသာဖြစ်တာကို သက်သာစေတဲ့အပြင်
ခန္ဓာကိုယ်ခုခံစွမ်းအားကိုလည်း မြင့်မားစေပါတယ်။ ရင်ပြည့်ရင်ကယ်သက်သာစေဖို့ဆိုရင် ဒိန်ချဉ်ထဲကို
ပျားရည်တစ်ဇွန်းထည့်ပြီး တခြားအချိုဓာတ် ဘာမှမရောထည့်ဘဲ စားသုံးပါ။
(၃) နာနတ်သီး
ထမင်းစားပြီးနောက်
နာနတ်သီး ဖျော်ရည်တစ်ခွက်သောက်ပေးပါက အစာကြေညက်စေပါတယ်။ နာနတ်သီးထဲမှာပါတဲ့ ဘရိုမီလင်အင်ဇိုင်းက
အစာအိမ်ထဲက အက်စစ်ပမာဏကို ပုံမှန်ဖြစ်စေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
(၄) ကြက်သွန်ဖြူ
အစာမကြေလို့ဖြစ်တဲ့
ဗိုက်နာဗိုက်အောင့်တာကို သက်သာစေဖို့ ကြက်သွန်ဖြူနဲ့ ပဲပိစပ်ဆီကို ဆတူရောပြီး ဝမ်းဗိုက်ကို
ညင်သာစွာ ပွတ်လိမ်းပေးပါ။ အဆီတွေ အရေပြားထဲ စိမ့်ဝင်ပြီး အစာမကြေတာ လျော့နည်းကာ ဗိုက်နာဗိုက်အောင့်ဖြစ်တာ
သက်သာလာပါတယ်။
(၅) သံပရာသီး
ပျို့အန်ချင်တာ၊
အစာမကြေတာနဲ့ လေပွတာအတွက် အကောင်းဆုံးနဲ့ အလွယ်တကူဖြေရှင်းဖို့ဆိုရင် အစာစားပြီးတဲ့အခါ
သံပရာရည် လက်ဖက်စားဇွန်းတစ်ဇွန်းကို ပျားရည်နဲ့ ဆတူရောပြီး သောက်ပေးပါ။
(၆) မုန်လာဥနီ
မုန်လာဥနီထဲမှာ
အင်ဇိုင်းအမျိုးမျိုးပါဝင်ပြီး ခံတွင်းမှ တံတွေးနဲ့ တခြားအစာချေဖျက်ပေးတဲ့ အင်ဇိုင်းတွေ
အထွက်များအောင် လှုံ့ဆော်ပေးပါတယ်။ အဲ့ဒီလိုလှုံ့ဆော်မှုကြောင့် အင်ဇိုင်းတွေ ထွက်ရှိပြီး
အစာချေဖျက်တာကို ကောင်းမွန်စေပါတယ်။ မုန်လာဥနီကို အစိမ်းအတိုင်း ဝါးစားတာ ဒါမှမဟုတ်
ဖျော်ရည်လုပ်သောက်ပါ။
(၇) ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်က
အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ ပုံမှန်လုပ်ငန်းတွေကို ကောင်းမွန်စေပါတယ်။ ပန်းသီးရှလကာရည်တစ်ဇွန်း၊
ပျားရည်တစ်ဇွန်းကို ရေ တစ်ဖန်ခွက်ထဲထည့်ပြီး သောက်ပေးပါက အစာကြေညက်မှုကို ကောင်းမွန်စေပါတယ်။
(၈) လက်ဖက်ရည်ကြမ်း
အစာစားတာ များသွားတဲ့အခါမျိုးမှာ
လက်ဖက်ရည်ကြမ်းကို သောက်သုံးပေးပါက အစာကြေညက်မှုကို ကောင်းမွန်စေပါတယ်။ ကြိုက်နှစ်သက်ရာ
လက်ဖက်ခြောက်ကို ရေနွေးပူပူထဲထည့်ကာ ၅ မိနစ်စိမ်ထားပါ။ ပြီးမှ သောက်သုံးပါ။
(၉) ပန်းသီး
ပန်းသီးမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး
အစားမကြေတာကို ကူညီပေးပါတယ်။ ပန်းသီးက အစာအိမ်နဲ့ အူလမ်းကြောင်းထဲ ပိတ်ဆို့မှုတွေကို
ဖယ်ရှားပေးလို့ မိနစ်အနည်းငယ်အတွင်းမှာ အစာမကြေတာ သက်သာပြီး ဗိုက်နာဗိုက်အောင့်တာတွေ
ပျောက်ကင်းစေပါတယ်။
Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)