အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးရာဝယ်
17-Jul-2020 Hepatitis လို့ခေါ်တဲ့
အသည်းရောင်အသားဝါရောဂါပိုးများစွာရှိတဲ့အနက်မှာ B ပိုးနဲ့ C ပိုးက အသည်းကို ကြီးကြီးမားမား
ထိခိုက်ပျက်စီးစေပြီး အသည်းကင်ဆာရောဂါဖြစ်စေကာ အသက်အန္တရာယ်ကိုပါ ထိခိုက်ဆုံးရှုံးစေနိုင်ပါတယ်။
ဒီရောဂါနှစ်မျိုးမှာမှ အသည်းရောင်အသားဝါ B ပိုးက ပိုကူးစက်မြန်ပေမယ့် ဒီပိုးကို ကာကွယ်ပေးနိုင်မယ့်
ကာကွယ်ဆေးကတော့ ရှိနေပါပြီ။ C ပိုးကတော့ ယနေ့အထိ ကာကွယ်ဆေးရှာမတွေ့သေးပါဘူး။ ဒါကြောင့်
ဇီဝက ကျန်းမာရေးမဂ္ဂဇင်းပရိသတ်တွေအတွက် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးအကြောင်း ကျန်းမာရေးဗဟုသုတအနေနဲ့
ဝေမျှပါရစေ။
အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးအစ
ပထမဆုံးသော B ပိုးကာကွယ်ဆေးကို
၁၉၈၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၌ စတင်တွေ့ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ လုံခြုံစိတ်ချရတဲ့
ကာကွယ်ဆေးအဖြစ် ဈေးကွက်ထဲ စတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ ပထမအစမှာတော့ ဘီပိုးရှိသူရဲ့သွေးကနေ
ပိုးကို Inactive လုပ်ပြီး ကာကွယ်ဆေးအဖြစ် ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်းမှာ ပိုပြီးဘေးကင်းစိတ်ချရအောင်
Yeast ခေါ် တစေးကနေ ထုတ်လုပ်ခဲ့ကြပါတယ်။
အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးထိုးတဲ့အခါ
အသည်းရောင်အသားဝါဘီပိုး
ကာကွယ်ဆေးထိုးတဲ့အခါ သိထားသင့်တာက ဘီပိုးအခွံကို ခန္ဓာကိုယ်ထဲထိုးသွင်းတာဖြစ်လို့ ကာကွယ်ဆေးထိုးပြီးနောက်
တစ်လအတွင်း ဘီပိုးပြန်စစ်ရင် ဘီပိုးရှိတယ် (+ve) လို့ပေါ်နိုင်ပါတယ်။ ဘီပိုးကာကွယ်ဆေးထိုးပြီး
၅လ လောက်ကြာမှ Antibody လို့ခေါ်တဲ့ ကိုယ်ခံအားထွက်မထွက်ပြန်စစ်ရပြီး Antibody ထွက်ရင်
အသည်းရောင်အသားဝါဘီပိုးကနေ ကာကွယ်နိုင်စွမ်းရှိသွားပါပြီ။ တကယ်လို့ Antibody မထွက်ရင်တော့
ဘီပိုးကာကွယ်ဆေးကို အစကနေပြန်ထိုးရပါမယ်။ ဘီပိုးကာကွယ်ဆေးထိုးတဲ့အခါ သတိပြုရမှာတစ်ခုက
ဆေး Course ပြည့်သည်အထိ တူညီသော ကာကွယ်ဆေးတစ်မျိုးတည်းကိုသာ ထိုးရမှာပါ။ ဥပမာ စစထိုးချင်းမှာ
Engerix B ကိုသာ ထိုးရမှာဖြစ်ပါတယ်။ နောက်ပြီး ဘီပိုးစစ်လို့ ပိုးရှိနေရင် (HBsAg
(+ve)) ဘီပိုးကာကွယ်ဆေး ထိုးလို့မရပါဘူး။ HbsAg (-) ve မှသာ ကာကွယ်ဆေးထိုးလို့ရပါတယ်။
ဘီပိုးကာကွယ်ဆေးထိုးဇယား
ဘီပိုးကာကွယ်ဆေးထိုးဇယားကို
နိုင်ငံတကာ စံနှုန်းအဖြစ် သတ်မှတ်ထားတာကတော့ ပထမဆုံး ဆေးထိုးတဲ့ရက်နဲ့ တစ်လကြာရင် ဒုတိယဆေးထိုးရမှာဖြစ်ပြီး
ခြောက်လကြာရင် တတိယဆေးကို ထိုးရမှာပါ။ (0.1 month, 6 month)။ ဥပမာ 1.1.2017 မှာ ထိုးရမှာပါ။
တတိယဆေးထိုးပြီး နှစ်လကြာရင် Andibody စစ်ပေးရမှာဖြစ်ပြီး ဆေးအောင်ရင် ဘီပိုးကာကွယ်နိုင်ပါပြီ။
တကယ်လို့ ဆေးမအောင်ရင် (Antibody မထွက်ရင်) အစကနေ ပြန်ထိုးရပါမယ်။ ဒါက Standard
Schedule ပါ။ အခုနောက်ပိုင်းမှာတော့ ပထမဆေးထိုးပြီး တစ်လကြာရင် ဒုတိယဆေး၊ နှစ်လကြာရင်
တတိယဆေးဆိုပြီး (0.1 month, 2 month) နဲ့ အမြန်ထိုးနေကြပါပြီ။ ဒီလိုနည်းနဲ့ ထိုးရင်
ဆေးစစ်လို့ဆေးအောင်ရင်တောင် တစ်နှစ်ပြည့်တဲ့အခါ (After 12 months) မှာ Booster
Dose အနေနဲ့ ကာကွယ်ဆေး တစ်လုံးထပ်ထိုးရပါမယ်။
ဒီနည်းတွေအပြင်
ရောဂါပိုးရှိသူနဲ့ အနီးကပ်နေထိုင်ထိတွေ့ရမယ့်သူ၊ နိုင်ငံခြားကို အချိန်တိုအတွင်း (၃-၄
လအတွင်း) အမြန်ထွက်ရမယ့်သူတွေအတွက် နောက်ဆုံးပေါ်လာတဲ့ အမြန်ထိုးနည်းကတော့ ပထမ ဆေးထိုးပြီး
(၇) ရက်အကြာမှာ ဒုတိယဆေး၊ (၂၁) ရက်အကြာမှာ တတိယဆေးကို ထိုးလို့ရပါပြီ။ (0.7 days,
21 days) ။ ဒီထိုးနည်းနဲ့ ထိုးရင်လည်း ဆေးအောင်မအောင်စစ်ဆေးပြီး အောင်ရင် ၁၂ လကြာတဲ့အခါ
Booster dose ထိုးမှသာ ဘေးကင်းစိတ်ချရမှာပါ။ ဆေးမအောင်ရင်တော့ အစကနေ ပြန်ထိုးရပါမယ်။
မည်သည့်နည်းနဲ့
ဘီပိုးကာကွယ်ဆေးကို ထိုးထိုး ၃ - ၅ နှစ်ကြာရင် Booster Dose ကို ပြန်ပြန်ထိုးပေးရင်
ဘီပိုးကို အပြည့်အဝ ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။
Credit : Sheri(U.O.N,Ygn)