စိတ်ဖိစီးမခံပဲ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ
31-Jul-2020 လူတိုင်းလိုလို
တခါတလေမှာတော့ ကိုယ်အလေးချိန် လျှော့ချချင်စိတ် ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ပွဲလမ်းသဘင်
သွားစရာ ရှိတဲ့ အခါမျိုးမှာ ကြည့်ကောင်းတဲ့ ခန္ဒာကိုယ်ရဖို့ ကိုယ်အလေးချိန် ချကြပါတယ်။
ကိုယ်အလေးချိန်ကျဖို့ ကယ်လိုရီကန့်သတ်စားသောက်ရတာ လေ့ကျင့်ခန်းလုပ်ရတာတွေက အလုပ်များတဲ့နေ့စဉ်ဘဝမှာ
စိတ်ဖိစီးမှုပိုဆိုးစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချတဲ့ အချိန်မှာ စိတ်ဖိစီးမှု
မဖြစ်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်။
၁) မုန့်စားမယ့်အချိန်မှာ လုပ်စရာတစ်ခုခုနဲ့ အစားထိုးပါ။
မုန့်စားမယ့်
အချိန်မှာ အစားအသောက်နဲ့ မသက်ဆိုင်တဲ့အရာ တစ်ခုခုလုပ်နေလိုက်ပါ။ စာအုပ်ဖတ်တာ၊ရုပ်ရှင်ကြည့်တာ
၊ဂိမ်းကစားတာမျိုး လုပ်လို့ရပါတယ်။ ဒါမှမဟုတ် အများနဲ့ လုပ်ရတဲ့ ယောဂသင်တန်းမျိုးသွားတာတွေလည်းကောင်းပါတယ်။
အစာစားမယ့်အချိန်မှာ စိတ်ဝင်စားတဲ့ တစ်ခုခုနဲ့ အစားထိုးကြည့်ပါ။
၂) ကိုယ့်ကိုယ်ကို သတိပေးပါ။
သုတေသနတွေအရ
စိတ်အားထက်သန်မှုက ကျန်းမာတဲ့ နေထိုင်စားသောက်မှု ပုံစံအတွက် အရေးကြီးပါတယ်။ ဒါကြောင့်
စိတ်တက်ကြွနေတဲ့ အစောပိုင်းကာလတွေမှာ အစားအသောက် အနေအထိုင်ပြောင်းတာကို အတိအကျလုပ်ဖြစ်ပြီး
အချိန်ကြာလာတာနဲ့ အမျှလိုက်နာဖို့ ပျက်ကွက်လာ တာပါ။ ဒီလိုမဖြစ်အောင်လို့ ကိုယ့်ကိုယ်ကို
သတိပေးတဲ့ စိတ်တက်ကြွစရာ စာတိုလေးတွေကို အိမ်နဲ့ အလုပ်ရဲ့ မြင်သာတဲ့နေရာမှာကပ်ထားပါ။
နေ့စဉ် ကိုယ်အလေးချိန် လျှော့ချဖို့ စိတ်အားထက်သန်စေမယ့် အတွေးတွေကို တွေးတောပေးပါ။
၃)သာယာနူးညံ့တဲ့ ဂီတကို နားထောင်ပါ။
သုတေသနတစ်ခုမှာ
သာယာနူးညံ့တဲ့ ဂီတသံကို နားထောင်နေတဲ့သူတွေက အစားအသောက်နည်းလာတာကို တွေ့ရှိရပါတယ်။
စိတ်ကျန်းမာရေး ပညာရှင်တွေကလည်း တေးဂီတနားထောင်နေစဉ် ဒိုပါမင်း ဟော်မုန်းထွက်တာကြောင့်
အစားအသောက်ကြောင့်ရတဲ့ ပျော်ရွှင်မှုကို အစားထိုးနိုင်တယ်လို့ ဆိုပါတယ်။
၄)အေးမြတဲ့ အရောင်များနဲ့ ပြင်ဆင်ခြယ်သပါ။
အရောင်နဲ့
စားသောက်ချင်စိတ်ကြားမှာ ဆက်စပ်မှု ရှိပါတယ်။ အေးမြတဲ့ အရောင်တွေဖြစ်တဲ့ အပြာရောင် မီးခိုးရောင်
အနက်ရောက်တို့က စားသောက်ချင်စိတ်ကို လျော့နည်းစေတာတွေ့ရပါတယ်။ ဒါကြောင့်မို့ ကိုယ့်အခန်းကို
ဒီလို အရောင်တွေနဲ့ ဆင်ယင်ထားတာ ၊ လက်သည်းတို့ ဆံပင်တို့ကို အပြာရောင်ဆိုးတာ စတာတွေနဲ့
အစားစာချင်စိတ် လျော့နည်းအောင်လုပ်ကြည့်ပါ။
၅)စားချင်စိတ်လျော့ကျအောင် အနံ့တချို့ကိုရှူရှိုက်ပါ
တချို့အနံ့တွေက
ကိုယ်အလေးချိန်လျော့ကျမှုကို အထောက်အကူပြုပါတယ်။ စံပါယ်နံ့၊ လာဗန်ဒါနံ့ ၊ ဗနီလာ နံ့
တို့က ပင်ပန်းမှုကို ပြေပျောက်စေတဲ့အပြင် အစာစားချင်စိတ်ကို
လျှော့ချပေးပါတယ်။ လိမ္မော်၊ သံပရာနံ့တွေကတော့ စွမ်းအင်တွေကို ဖြည့်တင်းပေးပြီး အာရုံစူးစိုက်မှု
ကောင်းမွန်စေပါတယ်။ ဂျင်းနဲ့ ငရုတ်ကောင်း အနံ့ကတော့ အစာစားချင်စိတ်ကို ဖြစ်စေနိုင်တဲ့အတွက်
ရှောင်ရပါမယ်။
၆)ကိုယ့်ကိုယ်ကို ဆုပေးပါ။
ကိုယ်အလေးချိန်ချနေစဉ်မှာ
ကိုယ့်ရဲ့ ဇွဲ လုံ့လအတွက် ဆုပေးပါ။ မုန့်စားမယ့် ပိုက်ဆံတွေကို စုပြီး အကျီၤအသစ်ဝယ်တာလိုမျိုး
စသဖြင့် ကိုယ်ကိုယ်ကို ဆုပေးဖို့မမေ့ပါနဲ့။
၇)ကိုယ့်တိုးတက်မှုအတွက် ဂုဏ်ယူပါ။
ကိုယ်အလေးချိန်လျှော့ချမှုမှာ
တိုးတက်မှုရှိလာတဲ့အခါ လုပ်ရကျိုးနပ်တယ်လို့ ခံစားမိလာမှာပါ။ ဒီလိုတိုးတက်မှုတွေကို သိသာစေဖို့ကိုယ်အလေးချိန်မချခင်နဲ့
ချပြီးပုံတွေရိုက်ထားပါ။ အရင်က သေးသွားလို့ မဝတ်ဖြစ်တဲ့ အဝတ်အစားတွေပြန်ဝတ်ပါ။ဒီလိုလုပ်ပေးခြင်းက
ကိုယ့်ရဲ့စိတ်အင်အားကို ပိုတိုးမြင့်စေနိုင်ပါတယ်။
၈)တခါတလေတော့လည်း စားချင်တာစားလို့ရပါတယ်။
အစားအသောက်ပုံစံပြောင်းခါစမှ
မလိုက်နာနိုင်မှာစိုးပြီး အစားကို အလွန်အကျွံ ရှောင်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေပုံမလာအောင်တော့
တခါတလေ အချိုများတဲ့ ဖျော်ရည်တွေ မုန့်တွေကို နည်းနည်းပါးပါးစားပေးလို့ရပါတယ်။
၉) နေထိုင်စားသောက်မှု ပုံစံအသစ်နဲ့အတူ စိတ်ငြိမ်းချမ်းမှုယူပါ။
သုတေသနတစ်ခုအရ
ကိုယ်အလေးချိန်ကျဆင်းတာ အများစုက အသက်ရှုထုတ်တဲ့ အခါမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်
စိတ်ဖိစီးရှုပ်ထွေးလာတဲ့ အခါမျိုးမှာ ငြိမ်ငြိမ်ထိုင်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ပါ။
စိတ်ဖိစီးတင်းကျပ်တာတွေ ပြေပျောက်သွားတဲ့ အထိလုပ်ပါ။ အသက်ရှှုသွင်း ရှူထုတ်လေ့ကျင့်ခန်းကို
အပြင်ဘက် သာယာတဲ့ ပတ်ဝန်းကျင်မှာ ပြုလုပ်ပေးပါ။ အစားအသောက်ပုံစံပြောင်းလဲမှုနဲ့ အသက်ရှူလေ့ကျင့်ခန်းပေါင်းစပ်လိုက်တဲ့အခါ
အံ့သြလောက်တဲ့ အကျိုးကျေးဇူးတွေရရှိလာပါလိမ့်မယ်။
Dr, Aung