ရေအိတ် ဘာကြောင့်ဖြစ်တာလဲ
17-Aug-2020ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ပေမယ့်
နေထိုင်စားသောက်မှု ပုံစံ ပြောင်းလဲလာတာ၊ စိတ်ဖိစီးမှု များလာတာတွေနဲ့ အဓိက သက်ဆိုင်တယ်။
ဓာတု
ဆိုးဆေး မကင်းတဲ့ အစားအသောက်တွေ အစားများလာတယ်။ အဲဒီဆိုးဆေး၊
ပလပ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံဆေးတွေထဲ မှာ xenon estrogen တွေ ပါလာတယ်။ အဲဒါတွေက
အမျိုးသမီးတွေမှာ သွားပြီး ဒုက္ခပေးတာလို့ ပြောပါတယ်။ ဒီလိုရေအိတ် တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ်ဝဝဗိုက်ခေါက်
ထူထူ အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုတယ်။ မမျိုးဥအိမ်မှာ အဓိက
ဖြစ်တာက အလုံးအကျိတ်နှစ်မျိုး ရှိပါတယ်။ ရေအိတ်တည်တာနှင့်
ကင်ဆာဖြစ်တာပါ။
မမျိုးဥအိမ်ကင်ဆာက လက္ခဏာမပြပါဘူး။ နောက်ကျမှ သိရတာများတာ
ကြောင့် မမျိုးဥအိမ်ကင်ဆာက ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု
ဖြစ်တယ်လို့ ဆိုပါတယ်။မမျိုးဥအိမ်မှာ ရေအိတ်တည်တာကလည်း လက္ခဏာမပြတတ်ဘူး။ တခြား
ရောဂါ တစ်ခုခုကြောင့် သွားပြရင်း ဓာတ်မှန်ရိုက်မှ တွေ့တတ်တာမျိုးပါ။
ရေအိတ်တည်
တာ အမျိုးမျိုးရှိပါတယ်။
Dermoid cyst ခေါ်တဲ့ ရေအိတ် တည်တာက အများဆုံး ဖြစ်တာ များပါတယ်။
၉၅ ရာခိုင်နှုန်းက ကင်ဆာ မဟုတ်ပါဘူး။ PCOS လို့ခေါ်တဲ့ မမျိုးဥအိမ်မှာ အရေကြည်အိတ် ၁၂
လုံးအထက်ရှိတဲ့ရောဂါက အသက် ၃၀ ဝန်းကျင် အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ကလေးမရနိုင်တဲ့
အကြောင်းရင်းတွေထဲမှာ PCOS က ၃၀ရာခိုင်နှုန်းလောက် သက်ဆိုင်တယ်၊ မမျိုးဥအိမ်မှာ ရေအိတ်တည်တာက
နောက်ဆက်တွဲ
ပြဿနာတွေအနေနဲ့ ရေရှည်မှာ ဆီးချို ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီ
များတာ၊
သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေနဲ့လဲ ဆက်စပ်နေတယ်လို့ ပြောပါတယ်။
မမျိုးဥအိမ်မှာ
ရေအိတ်တည်တာက သားဥကြွေတဲ့ အချိန်မှာ အဖြစ်များပါတယ်။ တစ်ချို့သူတွေမှာ
ရေအိတ်ကြောင့် ပုံမှန်ရာသီမလာဘဲ နောက်ကျတာရှိသလို သွေးဆင်းများတာတွေ
လည်း ဖြစ်လာပါတယ်။တစ်ချို့ကျတော့ ရေအိတ်ဖြစ်နေမှန်းကို မသိဘူး။ ရေအိတ်က ကြီးပြီးတင်းလာမှ
နာလာမှ၊ ပေါက်ထွက်သွားတာမျိုး၊ အထဲမှာ လိမ်သွားပြီး နာလာမှ အရေးပေါ်ခွဲစိတ်ကုသရတာလဲ
ရှိတယ်။
ရေအိတ်တည်သူတွေမှာ ဟော်မုန်းတွေ ပုံမမှန်ဖြစ်ပြီး ရာသီ
မမှန်တာ၊ ဝက်ခြံ
ထွက်တာ၊မျက်နှာမှာ အဆီတွေထွက်လာတာ၊ အမွေး အမှင်တွေ ထူလာတာလည်း
ရှိပါတယ်။ ဟော်မုန်း ပုံမမှန်ဖြစ်ရတဲ့ အကြောင်းရင်းများစွာထဲမှာ စိတ်ဝင်စားစရာ
က ဥပမာ- မွေးမြူရေး ဝက်တွေ စားသုံးတာနဲ့လည်း ဆက်စပ်နေတယ်လို့
ယူဆတယ်။
မွေးုမြူ ရေးဝက်တွေက ပုံမှန်တစ်နှစ်လောက်နဲ့ ကြီးထွားရမှာကို
အခုနောက်ပိုင်း
ခြောက်လနဲ့ အမြန်ကြီးထွားအောင် ဟော်မုန်းဆေးတွေ ကျွေးလာကြတယ်လို့
ဆိုတယ်။
အဲဒီဟော်မုန်းဓာတ်တွေက အမျိုးသမီးရဲ့ မမျိုးဥအိမ်မှာ ရေအိတ်တည်ဖို့
တွန်းအားပေး
သလို ဖြစ်လာနိုင်တယ်လို့ ဆိုပါ တယ်။ ရေအိတ်တည်တဲ့အခါ အမျိုးသမီးတွေကို
အာထရာ
ဆောင်း ရိုက်တာ၊ ဟော်မုန်း level စစ်တာတွေ လုပ်ပြီး လိုအပ်ရင်
သောက်ဆေးပေး
တာ ပြုလုပ်ပါတယ်။ ရေအိတ်အရွယ်အစားက ၂ စင်တီမီတာလောက်ဆို
စောင့်ကြည့်
တာမျိုးရှိပေမဲ့ ၅ စင်တီမီတာအထက် ရှိနေမယ်။ တဖြည်းဖြည်းနဲ့
ကြီးလာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသရတယ်လို့ သိရတယ်။ အခုနောက်ပိုင်း ဆေးရုံဆေးခန်းတွေမှာ
ဒီလိုမျိုး လူနာတွေ အတွေ့ရများလာတယ်။ အမျိုးသမီးတွေအနေနဲ့ နေထိုင်စားသောက်မှုပုံစံကို
ပြောင်းလဲရမယ်။ စိတ်ဖိစီးမှုနည်းအောင် နေရမယ်။ လေ့ကျင့်ခန်း
ပုံမှန်လုပ်သင့်တယ်။
ကိုယ့်မှာရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းလောက်
ချဖို့လိုတယ်၊ အဝမလွန်
စေနဲ့။ ထို့ပြင် ဓာတုဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊
တာရှည်ခံဆေးတွေ
ပါတဲ့ အစားအစာတွေကို တတ်နိုင်ရင် ရှောင်ရမယ်လို့ အကြံပြုပါတယ်။
Credit : Htetwaiyan68
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။