အချိန်မီရောဂါရှာဖွေ၍ရနိုင်ရန် သိထားသင့်သော ဆီးချိုရောဂါ၏အစောပိုင်းလက္ခ...
28-Aug-2020၁- ရေပိုငတ်လာခြင်းနဲ့မကြာခဏဆီးသွားခြင်း
ရေပိုငတ်လာခြင်း (polydipsia)နဲ့မကြာခဏဆီးသွားခြင်း(polyuria)တို
့ဟာ ဆီးချိုမှာ အတွေ့ရအများဆုံးလက္ခဏာတွေပဲဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ သူတို
့ရဲ့ကျောက်ကပ်က ပိုလျှံနေတဲ့သကြားဓာတ်အားလုံးကို မစုပ်ယူနိုင်တဲ့အတွက် တစ်သျှူးကထွက်တဲ့အရည်တွေနဲ့အတူ
ဆီးထဲကိုသကြားတွေပါသွားပါတယ်။ ဒါ့ကြောင့် ဆီးခဏခဏသွားပြီး ရေဓာတ်ခန်းခြောက်သလိုခံစားရစေပါတယ်။
ရေငတ်တာကိုသက်သာဖို့ ရေပိုပြီးများများသောက်တဲ့အခါ ပိုပြီးတော့တောင်ဆီးကိုခဏခဏသွားစေပါတယ်။
၂-ဗိုက်ပိုဆာလာခြင်း
အလွန်အမင်းဆာလောင်ခြင်း (Polyphagia)၊ ရေပိုငတ်လာခြင်းနဲ
့ဆီးခဏခဏသွားခြင်းတို့ဟာ ဆီးချိုရဲ့အဓိကလက္ခဏာတွေပဲဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်က
အင်ဆူလင်ကို အလုံအလောက် ဒါမှမဟုတ် လုံးဝမထုတ်နိုင်ဘူးဆိုရင် ဒါမှမဟုတ် ခန္ဓာကိုယ်က အင်ဆူလင်အပေါ်မှာ
ပုံမှန်နည်းလမ်းအတိုင်း တုံ့ပြန်မှုမရှိဘူးဆိုရင် အစာကို ဆဲလ်တွေအသုံးပြုလို့ရတဲ့စွမ်းအင်ဖြစ်တဲ့ဂလူးကို
့စ်ကိုမပြောင်းပေးနိုင်ပါဘူး။ ဒါ့ကြောင့်အစာစားပြီးပေမယ့်လည်း ဗိုက်ဆာတာကမပျောက်သွားပါဘူး။
ဒါ့အပြင် အစာစားတာသက်သက်ပဲဆိုရင် သွေးတွင်းသကြားဓာတ်ကိုပိုပြီးတော့တောင် တက်စေပါတယ်။
၃-မောပန်းလွယ်ခြင်း
နောက်ထပ်အတွေ့ရများတဲ့ ဆီးချိုလက္ခဏာတစ်ခုကတော့ တချိန်လုံးမောပန်းလွယ်ခြင်းပဲဖြစ်ပါတယ်။
ဆီးချိုရှိတယ်ဆိုရင် တချိန်လုံးဆာနေရတဲ့အကြောင်းအရင်းလိုပဲ ခန္ဓာကိုယ်က ဆဲလ်တွေဟာ စွမ်းအင်အဖြစ်အသုံးပြုဖို
့ဂလူးကို့စ်မလုံလောက်တဲ့အတွက် တချိန်လုံးမောပန်းနေမယ်။ အိပ်ချင်နေပါမယ်။
၄-အမြင်အာရုံေ၀ဝါးခြင်း
တကယ်လို့အမြင်အာရုံေ၀ဝါးခြင်းဟာ ဆိုးဝါးတဲ့မျက်စိပြဿနာမဟုတ်ခဲ့ဘူးဆိုရင်
ဆီးချိုရောဂါရဲ့အစောပိုင်းလက္ခဏာဖြစ်နိုင်ပါတယ်။ မျက်လုံးထဲကအရည်တွေက နေရာရွေ့ပြီး
မျက်စိမှန်ဘီလူးကို ဖောင်းပြီးပုံပျက်အောင်လုပ်လိုက်တာကြောင့်ပါ။ ဒါဟာမျက်စိရဲ့အာရုံစိုက်နိုင်တဲ့စွမ်းရည်ကို
ထိခိုက်စေပြီး အရာဝတ္ထုတွေကို ကြည့်ရတာေ၀ဝါးစေပါတယ်။ ဒီလက္ခဏာတွေဟာ သွေးတွင်းသကြားဓာတ်ကို
ပုံမှန်ဖြစ်အောင်ထိန်းနိုင်တယ်ဆိုရင် မျက်စိအမြင်အာရုံကိုပြန်ကောင်းအောင်လုပ်လို့ရပါတယ်။
ဒါပေမယ့် ဆီးချိုကိုဒီတိုင်းမကုဘဲထားလိုက်ရင်တော့ အမြင်အာရုံေ၀ဝါးတဲ့လက္ခဏာတွေပိုဆိုးလာပြီး
မျက်စိကွယ်တဲ့အထိဖြစ်နိုင်ပါတယ်။
၅-အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်းဆိုတာ အစားလျှော့စားတာတို
့၊လေ့ကျင့်ခန်းလုပ်တာတို့နဲ့မဆိုင်ဘဲ ကိုယ်အလေးချိန်ကျဆင်းတာကိုဆိုလိုတာပါ။ သင့်မှာဆီးချိုရှိလာတဲ့အခါ
သင့်ရဲ့ခန္ဓာကိုယ်ဟာ ဂလူးကို့စ်ကိုစွမ်းအင်အဖြစ်အသုံးမပြုနိုင်တာကြောင့် အဆီနဲ့ကြွက်သားတွေကို
လောင်ကျွမ်းစေပြီး စွမ်းအင်အဖြစ်အစားအသုံးပြုတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။
ရေဓာတ်ခန်းခြောက်ခြင်းမှာလည်း ခန္ဓာကိုယ်ကအရည်တွေအားလုံးကိုဆီးအဖြစ်စွန့်ထုတ်လိုက်တာကြောင့်
ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းတာမျိုးဖြစ်တတ်ပါတယ်။
၆-အရေပြားယားယံခြင်း
ပိုလျှံနေတဲ့သကြားတွေကို ဆီးထဲကိုစွန့်ထုတ်တဲ့အခါ တခြားတစ်သျှူးတွေက
အရည်တွေ အထူးသဖြင့် အရည်ပြားကထွက်တဲ့အရည်တွေပါ ပါသွားပါတယ်။ အရေပြားခြောက်သွေ့ခြင်းဟာ
ယားယံခြင်းကိုဖြစ်စေပြီး ယားတဲ့နေရာတွေကိုကုတ်တဲ့အခါ အနာဖြစ်ပြီးပိုးဝင်တာမျိုးဖြစ်တတ်ပါတယ်။
၇- အနာကျက်နှေးခြင်း
ထိခိုက်ဒဏ်ရာရပြီးနောက် အနာကျက်နှေးတာဟာ ဆီးချိုရဲ့လက္ခဏာတစ်ခုအဖြစ်
တွေ့ရတတ်ပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းဟာ အနာတွေရောင်ရမ်းခြင်းကိုပိုဆိုးစေတာသာမကဘဲ
သွေးလှည့်ပတ်ခြင်းကိုလည်း နှေးစေလို့ထိခိုက်ဒဏ်ရာရထားတဲ့နေရာတွေမှာ အနာကျက်ဖို့လိုအပ်တဲ့သွေးပမာဏရရှိဖို
့ခက်ခဲစေပါတယ်။ ဒီလိုအနာမကျက်တာဟာ အထူးသဖြင့်ခြေထောက်တွေမှာအတွေ့ရများပြီး ခြေထောက်အနာမကျက်တာကနေ
ဆိုးရွားတဲ့နောက်ဆက်တွဲ ပြဿနာတွေအထိဖြစ်စေပါတယ်။
၈-အရေပြားတွင် အနက်ရောင်အကွက်များပေါ်ခြင်း
အရေပြားပေါ်မှာ အနက်ရောင်အကွက်အကွက်တွေနဲ့ကတ္တီပါခင်းထားသလိုပုံစံဖြစ်နေတာမျိုးကို
Acanthosis nigricansလို့ခေါ်ပါတယ်။ ဒီအကွက်အကွက်တွေဟာ လည်ပင်းပေါ်၊ချိုင်း၊ပေါင်ခြံ၊တံတောင်ဆစ်အတွင်းပိုင်း၊
ဒူးတခေါက်ကွေးနဲ့ လက်ဆစ်အကွေးတွေပေါ်မှာ တွေ့ရတတ်ပါတယ်။
၉-ခြေလက်များထုံကျင်ခြင်း
ခြေတွေလက်တွေထုံတာကျင်တာဟာ ဆီးချိုရဲ့နောက်ထပ်အတွေ့ရများတဲ့
လက္ခဏာတစ်ခုဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်များခြင်းဟာ သွေးလှည့်ပတ်ခြင်းကိုနှေးစေပြီး
အာရုံကြောတွေကို ပျက်စီးစေပါတယ်။ နှလုံးနဲ့တော်တော်လေးဝေးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့
ခြေထောက်တို့လက်တို့မှာ အရင်ဆုံးထိခိုက်ပါတယ်။
Dr. MMO
Ref: Brightside