ကိုယ်အလေးချိန်ကို ဘာကြောင့် ထိန်းထားဖို့လိုသလဲ
17-Jul-2017- အဝလွန်လျှင် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါ စသည်များ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုများပါသည်။
- ခန္တာကိုယ်တွင် အဆီများ လိုအပ်သည်ထက်ပို စုမိနေခြင်းကို အဝလွန်သည််ဟု ပြောခြင်းဖြစ်သည်။
- အဝလွန်ခြင်းကို မိမိ အရပ် အမောင်း ကိုယ် အလေးအချိန်တို့ကို တိုင်းတာခြင်း (BMI တွက်ခြင်း) ဖြင့် ခန့်မှန်းနိုင်သည်။
- BMI သည် *၁၈.၅ ထက်နည်းနေလျှင် ပိန်သည်။
* ၁၈.၅ နှင့် ၂၄.၉ ကြားတွင် ရှိလျှင်ကောင်းသည်။
*၂၅ နှင့် ၂၉.၉ ကြားတွင် ရှိလျှင် ကိုယ်အလေးချိန် များနေသည်။
* ၃ဝနှင့် အထက်ရှိလျှင် ဝနေပြီဟု သိထားသင့်သည်။
- BMI သည် ၂၂ ပတ်ဝန်းကျင်တွင် ရှိနေလျှင် အကောင်းဆုံးဖြစ်သည်။
- ခါးလုံးပတ်အနေဖြင့် * အမျိုးသားတစ်ယောက်သည် ၉ဝစင်တီမီတာ (၃၆)လက်မထက် မပိုသင့်
* အမျိုးသမီးတစ်ယောက်သည် ၈ဝစင်တီမီတာ (၃၂) လက်မ ထက်မပိုသင့်
- အမျိုးသားတစ်ယောက်၏ ခါးလုံးပတ်သည် မိမိ၏တင်ပါးဆုံ လုံးပတ်ထက် မပိုသင့်
- အမျိုးသမီးတစ်ယောက်၏ ခါးလုံးပတ်သည် မိမိ၏တင်ပါးဆုံလုံးပတ်ဧ။် ၈၀ ရာခိုင်နှုန်းထက် မပိုသင့်။
ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းထားမလဲ
****************************************
- ထမင်းကို စားကောင်းတိုင်း တနင့်တပိုး မစားပါနှင့်။
- ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် သရေစာများ တစွတ်စွတ် မစားပါနှင့်။
- အမဲဆီ၊ ဝက်ဆီစသည့် တိရစ္ဆာန်အဆီများ၊ ဝက်သား၊ ဆိတ်သား၊ ဘဲသား စသည့် အဆီများသော အသားများ၊ မလိုင်၊ ထောပတ် နှင့် အုန်းဆီတို့ကို ရှောင်ပါ။
- ပဲဆီ၊ နှမ်းဆီ စသည့် ဟင်းချက်ဆီများကို သင့်တင့်ရုံစားပါ။
- ချိုလွန်းသော အစာများကို ရှောင်ပါ။ အရက်သေစာ ရှောင်ကြဉ်ပါ။
- ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များကို စားပါ။
- ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက်၍ သွားနိုင်သည့် နေရာသို့ လျှောက်ပြီးသွားပါ။ ကားမစီးပါနှင့်။ ယာဉ်တစ်မျိုးမျိုး မစီးပါနှင့်။
- အသက်အရွယ်််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််် အလိုက် သင့်တော်သည့် အားကစားတစ်မျိုးမျိုးကို ကစားပါ။
Credit ; Unicef
Dr. Pearl (7887 Healthcare Call Center)